2. ကိုယ်တော်ကဟ္ဂဲအားဤသို့ပြောကြားစေ တော်မူပါ၏။ ကိုယ်တော်က၊ သင်သည်ယုဒ ဘုရင်ခံဇေရုဗဗေလ၊ ယဇ်ပုရောဟိတ် မင်းယောဇဒတ်၏သားယောရှုနှင့်ကျန် ကြွင်းသောပြည်သူတို့အား၊-
3. ``ယခင်အခါကဗိမာန်တော်သည်အဘယ်မျှ တင့်တယ်လှပတော်မူခဲ့ကြောင်းကို မှတ်မိသူ တစ်စုံတစ်ယောက်သင်တို့တွင်ရှိပါသလော။ ယခုအခါဤဗိမာန်တော်ကိုသင်တို့အဘယ် သို့တွေ့မြင်ကြရပါသနည်း၊ ယင်းသည် ဘာမျှမဟုတ်သကဲ့သို့ဖြစ်၍နေပေမည်။-''
4. သို့ရာတွင် အို ပြည်သူအပေါင်းတို့၊ စိတ်အား မငယ်ကြနှင့်။ ငါသည်သင်တို့နှင့်အတူရှိ သည်ဖြစ်၍မိမိတို့လုပ်ဆောင်ရန်ရှိသည့် အမှုကိုသာသင်တို့လုပ်ဆောင်ကြလော့''ဟု အနန္တတန်ခိုးရှင်ထာဝရဘုရားမိန့် တော်မူ၏။-
5. အီဂျစ်ပြည်မှသင်တို့ပြန်လာကြစဉ် အခါက ငါသည်သင်တို့နှင့်အစဉ်အတူ ရှိမည်ဟုကတိပြုခဲ့သည့်အတိုင်း ယခု တိုင်အောင်ပင်သင်တို့နှင့်ငါအတူရှိ၏။ သို့ဖြစ်၍မကြောက်ကြနှင့်။''
6. အနန္တတန်ခိုးရှင်ထာဝရဘုရားက``ငါ သည်မကြာမီပင်မိုးကောင်းကင်နှင့်မြေ ကြီးကိုလည်းကောင်း၊ ကုန်းနှင့်ပင်လယ် ကိုလည်းကောင်းတုန်လှုပ်စေ၍၊-
7. လူမျိုးတကာတို့အားဖြိုခွင်းပစ်မည်။ ထို သူတို့၏ရွှေငွေဘဏ္ဍာများကို ဤအရပ်သို့ လူတို့အားယူဆောင်လာစေမည်။ ဗိမာန် တော်သည်လည်းရွှေငွေဘဏ္ဍာများဖြင့် ပြည့်နှက်လျက်နေလိမ့်မည်ဟု အနန္တ တန်ခိုးရှင်ထာဝရဘုရားမိန့်တော်မူ၏။-
8. ကမ္ဘာပေါ်တွင်ရှိသမျှသောရွှေငွေတို့ကို ငါပိုင်၏ဟု အနန္တတန်ခိုးရှင်ထာဝရ ဘုရားမိန့်တော်မူ၏။-
9. ဗိမာန်တော်သစ်သည်ဗိမာန်တော်ဟောင်း ထက်ပို၍တင့်တယ်လှပလိမ့်မည်။ ထိုအရပ် တွင်ငါသည်မိမိ၏လူမျိုးတော်အား ကောင်းစားစေ၍ ငြိမ်းချမ်းသာယာမှုကို ပေးမည်'' ဟုအနန္တတန်ခိုးရှင်ထာဝရ ဘုရားမိန့်မှာတော်မူ၏။ ဤကားအနန္တ တန်ခိုးရှင်ထာဝရဘုရားမြွက်ဟသည့် စကားဖြစ်၏။