ဟ္ဂဲ 2:17-20 Common Language Bible (BCL)

17. ငါ​သည်​သင်​တို့​ကြိုး​စား​၍​စိုက်​ပျိုး​သ​မျှ သော သီး​နှံ​ပင်​များ​ကို​လေ​ပူ​အား​ဖြင့်​လည်း ကောင်း၊ ပိုး​ထိ​၍​နွမ်း​ရိ​စေ​ခြင်း​ဖြင့်​လည်း ကောင်း၊ မိုး​သီး​များ​အား​ဖြင့်​လည်း​ကောင်း ဖျက်​ဆီး​ပစ်​ခဲ့​၏။ သို့​နှင့်​လည်း​သင်​တို့ သည်​နောင်​တ​မ​ရ​ကြ။-

18. ယ​နေ့​သည်​ဗိ​မာန်​တော်​အုတ်​မြစ်​ချ​မှု​ပြီး ဆုံး​သည့်​နေ့၊ န​ဝ​မ​လ၊ နှစ်​ဆယ့်​လေး​ရက် နေ့​ဖြစ်​၏။ ထို​နေ့​မှ​စ​၍​ရှေ့​တွင်​မည်​သို့​ဖြစ် လာ​လိမ့်​မည်​ကို​သင်​တို့​ရှု​မှတ်​ကြ​လော့။ သေ​ချာ​ရှု​မှတ်​လော့။-

19. သင်​တို့​တွင်​ဂျုံ​စ​ပါး​မ​ကျန်​မ​ရှိ​တော့​ဘဲ စ​ပျစ်​ပင်​များ၊ သ​ဖန်း​ပင်​များ​နှင့်​သံ​လွင် ပင်​များ​လည်း​အ​သီး​မ​သီး​ကြ​သေး။ သို့ ရာ​တွင်​ငါ​သည်​ယ​ခု​မှ​စ​၍​သင်​တို့​အား ကောင်း​ချီး​ပေး​မည်'' ဟု​မိန့်​တော်​မူ​ပါ​၏။

20. ထို​လ​နှစ်​ဆယ့်​လေး​ရက်​နေ့​၌​ပင်​လျှင် ဒု​တိ​ယ​အ​ကြိမ်၊ ထာ​ဝ​ရ​ဘု​ရား​၏ နှုတ်​က​ပတ်​တော်​သည်​ဟ္ဂဲ​အား၊-

ဟ္ဂဲ 2