ဟ္ဂဲ 2:1-13 Common Language Bible (BCL)

1. ထာ​ဝ​ရ​ဘု​ရား​သည်​ထို​နှစ်​သတ္တ​မ​လ​နှစ် ဆယ့်​တစ်​ရက်​နေ့​၌ ပ​ရော​ဖက်​ဟ္ဂဲ​မှ​တစ်​ဆင့် ထာ​ဝ​ရ​ဘု​ရား​၏​နှုတ်​က​ပတ်​တော်​က၊-

2. ကိုယ်​တော်​က​ဟ္ဂဲ​အား​ဤ​သို့​ပြော​ကြား​စေ တော်​မူ​ပါ​၏။ ကိုယ်​တော်​က၊ သင်​သည်​ယု​ဒ ဘု​ရင်​ခံ​ဇေ​ရု​ဗ​ဗေ​လ၊ ယဇ်​ပု​ရော​ဟိတ် မင်း​ယော​ဇ​ဒတ်​၏​သား​ယော​ရှု​နှင့်​ကျန် ကြွင်း​သော​ပြည်​သူ​တို့​အား၊-

3. ``ယ​ခင်​အ​ခါ​က​ဗိ​မာန်​တော်​သည်​အ​ဘယ်​မျှ တင့်​တယ်​လှ​ပ​တော်​မူ​ခဲ့​ကြောင်း​ကို မှတ်​မိ​သူ တစ်​စုံ​တစ်​ယောက်​သင်​တို့​တွင်​ရှိ​ပါ​သ​လော။ ယ​ခု​အ​ခါ​ဤ​ဗိ​မာန်​တော်​ကို​သင်​တို့​အ​ဘယ် သို့​တွေ့​မြင်​ကြ​ရ​ပါ​သ​နည်း၊ ယင်း​သည် ဘာ​မျှ​မ​ဟုတ်​သ​ကဲ့​သို့​ဖြစ်​၍​နေ​ပေ​မည်။-''

4. သို့​ရာ​တွင် အို ပြည်​သူ​အ​ပေါင်း​တို့၊ စိတ်​အား မ​ငယ်​ကြ​နှင့်။ ငါ​သည်​သင်​တို့​နှင့်​အ​တူ​ရှိ သည်​ဖြစ်​၍​မိ​မိ​တို့​လုပ်​ဆောင်​ရန်​ရှိ​သည့် အ​မှု​ကို​သာ​သင်​တို့​လုပ်​ဆောင်​ကြ​လော့''ဟု အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား​မိန့် တော်​မူ​၏။-

5. အီ​ဂျစ်​ပြည်​မှ​သင်​တို့​ပြန်​လာ​ကြ​စဉ် အ​ခါ​က ငါ​သည်​သင်​တို့​နှင့်​အ​စဉ်​အ​တူ ရှိ​မည်​ဟု​က​တိ​ပြု​ခဲ့​သည့်​အ​တိုင်း ယ​ခု တိုင်​အောင်​ပင်​သင်​တို့​နှင့်​ငါ​အ​တူ​ရှိ​၏။ သို့​ဖြစ်​၍​မ​ကြောက်​ကြ​နှင့်။''

6. အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား​က``ငါ သည်​မ​ကြာ​မီ​ပင်​မိုး​ကောင်း​ကင်​နှင့်​မြေ ကြီး​ကို​လည်း​ကောင်း၊ ကုန်း​နှင့်​ပင်​လယ် ကို​လည်း​ကောင်း​တုန်​လှုပ်​စေ​၍၊-

7. လူ​မျိုး​တ​ကာ​တို့​အား​ဖြို​ခွင်း​ပစ်​မည်။ ထို သူ​တို့​၏​ရွှေ​ငွေ​ဘဏ္ဍာ​များ​ကို ဤ​အ​ရပ်​သို့ လူ​တို့​အား​ယူ​ဆောင်​လာ​စေ​မည်။ ဗိ​မာန် တော်​သည်​လည်း​ရွှေ​ငွေ​ဘဏ္ဍာ​များ​ဖြင့် ပြည့်​နှက်​လျက်​နေ​လိမ့်​မည်​ဟု အ​နန္တ တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​၏။-

8. ကမ္ဘာ​ပေါ်​တွင်​ရှိ​သ​မျှ​သော​ရွှေ​ငွေ​တို့​ကို ငါ​ပိုင်​၏​ဟု အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ ဘု​ရား​မိန့်​တော်​မူ​၏။-

9. ဗိ​မာန်​တော်​သစ်​သည်​ဗိ​မာန်​တော်​ဟောင်း ထက်​ပို​၍​တင့်​တယ်​လှ​ပ​လိမ့်​မည်။ ထို​အ​ရပ် တွင်​ငါ​သည်​မိ​မိ​၏​လူ​မျိုး​တော်​အား ကောင်း​စား​စေ​၍ ငြိမ်း​ချမ်း​သာ​ယာ​မှု​ကို ပေး​မည်'' ဟု​အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ ဘု​ရား​မိန့်​မှာ​တော်​မူ​၏။ ဤ​ကား​အ​နန္တ တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား​မြွက်​ဟ​သည့် စ​ကား​ဖြစ်​၏။

10-12. ဧ​က​ရာဇ်​မင်း​ဒါ​ရိ​နန်း​စံ​ဒု​တိ​ယ​နှစ်၊ န​ဝ​မ​လ၊ နှစ်​ဆယ့်​လေး​ရက်​နေ့​၌​အ​နန္တ တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား​၏​နှုတ်​က​ပတ် တော်​သည်​ပ​ရော​ဖက်​ဟ္ဂဲ​ထံ​ရောက်​လာ​တော် မူ​ပြန်​၏။ ကိုယ်​တော်​က``အ​ကယ်​၍​လူ​တစ် ဦး​တစ်​ယောက်​သည် ဘု​ရား​သ​ခင်​အား ပူ​ဇော်​ထား​သည့်​အ​မဲ​သား​ကို မိ​မိ​၏ ဝတ်​လုံ​အ​မြိတ်​ဖြင့်​ထုပ်​၍​ယူ​ဆောင်​ခဲ့ ပြီး​နောက်၊ စ​ပျစ်​ရည်၊ သံ​လွင်​ဆီ​သို့​မ​ဟုတ် မည်​သည့်​အ​စား​အ​စာ​မျိုး​ကို​မ​ဆို​ဝတ် လုံ​နှင့်​ထိ​မိ​လျှင် ထို​အ​စား​အ​စာ​များ သည်​လည်း​ဆက်​ကပ်​ပူ​ဇော်​ရာ​အ​စား အ​စာ​များ​ဖြစ်​သွား​မည်​မ​သွား​မည် ကို ပ​ညတ်​တော်​အ​ရ​အ​ဆုံး​အ​ဖြတ် ပေး​ရန်​ယဇ်​ပု​ရော​ဟိတ်​တို့​အား​မေး​မြန်း လော့'' ဟု​မိန့်​တော်​မူ​ပါ​၏။ထို​ပြ​ဿ​နာ​ကို​တင်​ပြ​သော​အ​ခါ​ယဇ် ပု​ရော​ဟိတ်​တို့​က``ထို​အ​စား​အ​စာ​များ သည်​သန့်​စင်​၍​မ​သွား​ပါ'' ဟု​ဖြေ​ကြား ကြ​၏။

13. ထို​အ​ခါ​ဟ္ဂဲ​က​လူ​တစ်​ဦး​တစ်​ယောက် သည် လူ​သေ​ကောင်​နှင့်​ထိ​မိ​သ​ဖြင့်​ညစ်​ညမ်း ၍​သွား​သည်​ဆို​ငြား​အံ့။ ထို့​နောက်​အ​ကယ် ၍​သူ​သည်​အ​ထက်​ဖော်​ပြ​ပါ​အ​စား​အ​စာ များ​ကို​ထိ​မိ​ခဲ့​သော် ထို​အ​ရာ​တို့​သည် လည်း​ညစ်​ညမ်း​၍​သွား​ပါ​မည်​လော​ဟု မေး​လျှင်၊ယဇ်​ပု​ရော​ဟိတ်​တို့​က``ထို​အ​ရာ​တို့​သည် ညစ်​ညမ်း​၍​သွား​ပါ​မည်'' ဟု​ဆို​ကြ​၏။

ဟ္ဂဲ 2