4. ``ငါ၏လူမျိုးတော်၊ သင်တို့သည်အိမ်ရာ ကောင်းကောင်းများတွင်နေထိုင်နေကြသော် လည်း ငါ၏ဗိမာန်တော်သည်ယိုယွင်းပျက် စီးလျက်နေပါသည်တကား။-''
5. အနန္တတန်ခိုးရှင်ထာဝရဘုရားက``မိမိ တို့ကြုံတွေ့နေရသည့်အဖြစ်အပျက်ကို သင်တို့မသိမမြင်ကြသလော။-
6. သင်တို့သည်ဂျုံစပါးအမြောက်အမြားကို စိုက်ပျိုးပါသော်လည်း အနည်းငယ်မျှသာ ရိတ်သိမ်းရကြပေသည်။ သင်တို့တွင်အစာ ရေစာရှိသော်လည်းဝစွာစားရန်မလုံ လောက်၊ စပျစ်ရည်ရှိသော်လည်းမူးယစ်အောင် သောက်ရန်မလုံလောက်၊ အဝတ်အစားများ ရှိသော်လည်း နွေးထွေးအောင်ဝတ်ဆင်ရန် မလုံလောက်၊ အလုပ်သမားသည်လည်းစား ဝတ်နေရေးအတွက် လုံလောက်အောင်လုပ်ခ ကိုမရရှိ။-
7. အဘယ်ကြောင့်ဤသို့ဖြစ်ပျက်ရသည်ကို သင်တို့မသိမမြင်နိုင်ကြပါသလော။-''
8. အနန္တတန်ခိုးရှင်ထာဝရဘုရားက``ယခု ပင်တောင်ကုန်းများပေါ်သို့တက်၍သစ်များ ကိုယူဆောင်လာကာ ဗိမာန်တော်ကိုပြန်လည် တည်ဆောက်ကြလော့၊ ထိုအခါငါသည်နှစ် သက်အားရလာလိမ့်မည်။ ပြီးလျှင်ငါ့အား ထိုက်သင့်သည့်အတိုင်းဝတ်ပြုကိုးကွယ် နိုင်ကြလိမ့်မည်ဟုအနန္တတန်ခိုးရှင် ထာဝရဘုရားမိန့်တော်မူ၏။''
9. ``သင်တို့သည်အသီးအနှံအမြောက်အမြား ကို ရိတ်သိမ်းရလိမ့်မည်ဟုမျှော်လင့်ခဲ့သော် လည်း အနည်းငယ်မျှသာရကြ၏။ အိမ်သို့ ယူဆောင်လာကြသောအခါ၌လည်း ငါ သည်ယင်းတို့ကိုလေတွင်လွင့်စင်သွား စေခဲ့၏။ အဘယ်ကြောင့်ဤသို့ငါပြုရ သနည်းဆိုသော်သင်တို့အားလုံးပင် မိမိ တို့နေအိမ်များကိုတည်ဆောက်မှုဖြင့်အလုပ် ရှုပ်ကာ၊ ငါ၏ဗိမာန်တော်ကိုမူယိုယွင်းပျက် စီးလျက်သာရှိနေစေကြသောကြောင့်ဖြစ် ၏ဟုအနန္တတန်ခိုးရှင်ထာဝရဘုရား မိန့်တော်မူ၏။-''
10. ဤအကြောင်းကြောင့်ပင်လျှင်မိုးသည်ခေါင် လျက် အဘယ်အသီးအနှံကိုမျှသင်တို့ သည်စိုက်ပျိုး၍မရကြ။-