ဟ္ဂဲ 1:10-13 Common Language Bible (BCL)

10. ဤ​အ​ကြောင်း​ကြောင့်​ပင်​လျှင်​မိုး​သည်​ခေါင် လျက် အ​ဘယ်​အ​သီး​အ​နှံ​ကို​မျှ​သင်​တို့ သည်​စိုက်​ပျိုး​၍​မ​ရ​ကြ။-

11. ငါ​သည်​ဤ​ပြည်​ကို​ခြောက်​သွေ့​၍​နေ​စေ​ခဲ့ ၏။ ဤ​ပြည်​ရှိ​တောင်​ကုန်း​များ၊ လယ်​ယာ​များ၊ စ​ပျစ်​ဥ​ယျာဉ်​များ​နှင့်​သံ​လွင်​ခြံ​များ​ပေါ် ၌​လည်း​ကောင်း၊ မြေ​ကြီး​က​ထွက်​သည့်​သီး​နှံ မှန်​သ​မျှ​ပေါ်​၌​လည်း​ကောင်း၊ လူ​နှင့်​တိရစ္ဆာန် များ​ပေါ်​၌​လည်း​ကောင်း၊ သင်​တို့​ကြိုး​စား စိုက်​ပျိုး​သည့်​သီး​နှံ​မှန်​သ​မျှ​အ​ပေါ်​၌ လည်း​ကောင်း​မိုး​ကို​ခေါင်​စေ​ခဲ့​၏'' ဟု​မိန့် တော်​မူ​ပါ​၏။

12. ထို​အ​ခါ​ရှာ​လ​သေ​လ​၏​သား​ဇေ​ရု​ဗ ဗေ​လ၊ ယဇ်​ပု​ရော​ဟိတ်​မင်း​ယော​ဇ​ဒတ်​၏ သား​ယော​ရှု​နှင့်​ကျန်​ကြွင်း​သော​ပြည်​သူ အ​ပေါင်း​တို့​သည် မိ​မိ​တို့​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​မိန့်​မှာ​စေ​ခိုင်း​တော်​မူ​သည့် အ​မှု​တို့​ကို​ပြု​ကြ​၏။ သူ​တို့​သည်​ကြောက် လန့်​သ​ဖြင့် ထာ​ဝ​ရ​ဘု​ရား​၏​စေ​လွှတ် တော်​မူ​သော​တ​မန်​တော်​ပ​ရော​ဖက်​ဟ္ဂဲ ပြော​ဆို​သည့်​စ​ကား​ကို​နား​ထောင်​ကြ​၏။-

13. ထို​အ​ခါ​ထာ​ဝ​ရ​ဘု​ရား​၏​တ​မန်​တော်​ဟ္ဂဲ သည်``ထာ​ဝ​ရ​ဘု​ရား​က​ငါ​သည်​သင်​တို့​နှင့် အ​တူ​ရှိ​တော်​မူ​မည်'' ဟု​မိန့်​တော်​မူ​ကြောင်း လူ​တို့​အား​ဆင့်​ဆို​ပြော​ကြား​၏။-

ဟ္ဂဲ 1