ဟေ​ရှာ​ယ 9:10-19 Common Language Bible (BCL)

10. ``အုတ်​တိုက်​များ​ပြို​ကျ​ပြီ​ဖြစ်​သော်​လည်း ယင်း​တို့​ကို​ငါ​တို့​သည်​ဆစ်​ကျောက်​များ​ဖြင့် အ​စား​ထိုး​တည်​ဆောက်​ကြ​ကုန်​အံ့။ သ​ဖန်း သား​ယက်​မ​များ​ကို​ခုတ်​ဖြတ်​ပစ်​ကြ​သော် လည်း၊ ငါ​တို့​သည်​ယင်း​တို့​ကို​အ​ကောင်း​ဆုံး အာ​ရစ်​သား(သစ်​က​တိုး​သား) ဖြင့်​အ​စား​ထိုး ကြ​ကုန်​အံ့'' ဟု​ဆို​ကြ​၏။

11. ထာ​ဝ​ရ​ဘု​ရား​သည်​သူ​တို့​အား​တိုက်​ခိုက် ကြ​စေ​ရန် ရန်​သူ​တို့​ကို​လှုံ့​ဆော်​တော်​မူ​၏။-

12. အ​ရှေ့​ဘက်​ရှိ​အာ​ရှု​ရိ​ပြည်​နှင့်​အ​နောက် ဘက်​ရှိ​ဖိ​လိတ္တိ​ပြည်​တို့​သည် ဣ​သ​ရေ​လ ပြည်​ကို​ဖျက်​ဆီး​ချေ​မှုန်း​ရန်​အ​သင့်​ပြင် ဆင်​ကြ​ကုန်​၏။ သို့​နှင့်​လည်း​ထာ​ဝ​ရ​ဘု​ရား ၏​အ​မျက်​တော်​သည်​မ​ပြေ။ သူ​တို့​အား​ဆုံး မ​ရန်​ကိုယ်​တော်​သည်​လက်​တော်​ကို​ဆန့်​လျက် ပင်​ရှိ​ထား​တော်​မူ​သေး​၏။

13. ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်​နောင်​တ မ​ရ​ကြ။ မိ​မိ​တို့​အား​အ​နန္တ​တန်​ခိုး​ရှင် ထာ​ဝရ​ဘု​ရား​သည် အ​ပြစ်​ဒဏ်​ခတ်​တော်​မူ ပြီ​ဖြစ်​သော်​လည်း​သူ​တို့​သည်​အ​ထံ​တော် သို့​မ​ပြန်​ကြ။-

14. ထာ​ဝ​ရ​ဘု​ရား​သည်​တစ်​နေ့​တည်း​တွင်​ဣ​သ ရေ​လ​ခေါင်း​ဆောင်​များ​နှင့်​ပြည်​သူ​တို့​အား အ​ပြစ်​ဒဏ်​ခတ်​တော်​မူ​လိမ့်​မည်။ ကိုယ်​တော်​သည် သူ​တို့​၏​ခေါင်း​ပိုင်း၊ အ​မြီး​ပိုင်း​တို့​ကို​တစ်​နေ့ တည်း​အ​တွင်း​ဖြတ်​တောက်​ပစ်​တော်​မူ​လိမ့်​မည်။-

15. ခေါင်း​ပိုင်း​သည်​သက်​ကြီး​ဝါ​ကြီး​ဂုဏ်​အ​သ​ရေ ရှိ​သူ​များ​ဖြစ်​၍ အ​မြီး​ပိုင်း​သည်​လိမ်​လည် ဟော​ပြော​တတ်​သူ​ပ​ရော​ဖက်​များ​ဖြစ်​၏။-

16. ဤ​လူ​တို့​အား​ရှေ့​ဆောင်​လမ်း​ပြ​သူ​တို့​သည် လမ်း​မှား​ကို​ပြ​၍​စိတ်​ရှုပ်​ထွေး​စေ​တတ်​ကြ​၏။-

17. သို့​ဖြစ်​၍​ထာ​ဝ​ရ​ဘု​ရား​သည်​အ​ဘယ် လူ​ငယ်​လူ​ရွယ်​ကို​မျှ ချမ်း​သာ​ပေး​တော်​မူ လိမ့်​မည်​မ​ဟုတ်။ မု​ဆိုး​မ​များ​နှင့်​မိ​ဘ​မဲ့ သူ​များ​အား​လည်း​က​ရု​ဏာ​ပြ​တော်​မူ လိမ့်​မည်​မ​ဟုတ်။ အ​ဘယ်​ကြောင့်​ဆို​သော်​လူ အ​ပေါင်း​တို့​သည်​ဘု​ရား​မဲ့​လျက်​ယုတ်​မာ လျက်​ရှိ​ကြ​သည့်​အ​ပြင် ညစ်​ညမ်း​သည့် စ​ကား​ကို​သာ​လျှင်​ပြော​ဆို​ကြ​သော​ကြောင့် ဖြစ်​၏။ ထို့​ကြောင့်​ထာ​ဝ​ရ​ဘု​ရား​အ​မျက် တော်​မ​ပြေ​ဘဲ​အ​ပြစ်​ဒဏ်​ခတ်​တော်​မူ​ရန် လက်​တော်​ကို​ဆန့်​တန်း​ချိန်​ရွယ်​လျက်​ပင် ထား​တော်​မူ​၏။

18. လူ​တို့​၏​ယုတ်​မာ​မှု​သည် ဆူး​ပင်​အ​မျိုး​မျိုး ကို​ကျွမ်း​လောင်​စေ​သည့်​မီး​ကဲ့​သို့​တောက် လောင်​တတ်​၏။ တော​မီး​ကဲ့​သို့​တောက်​လောင်​၍ မီး​ခိုး​လုံး​ကြီး​များ​ကို​တက်​စေ​တတ်​၏။-

19. အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား​သည် အ​မျက်​ထွက်​တော်​မူ​သ​ဖြင့်​ကိုယ်​တော် ပေး​တော်​မူ​သော​အ​ပြစ်​ဒဏ်​သည် တစ်​ပြည် လုံး​တွင်​မီး​သ​ဖွယ်​တောက်​လောင်​ကာ​လူ တို့​အား​သုတ်​သင်​ဖျက်​ဆီး​ပစ်​လိမ့်​မည်။ ထို​အ​ခါ​လူ​တိုင်း​ပင်​ကိုယ်​လွတ်​ရုန်း ကြ​လိမ့်​မည်။-

ဟေ​ရှာ​ယ 9