2. ယုံကြည်စိတ်ချရသူယဇ်ပုရောဟိတ်ဥရိယ နှင့်ယေဗရခိ၏သားဇာခရိနှစ်ယောက်တို့ အား အသိသက်သေများအဖြစ်ဖြင့်ခေါ် ထားလော့'' ဟုမိန့်တော်မူ၏။
3. ကာလအနည်းငယ်ကြာသောအခါငါ၏ ဇနီးသည်သည်ကိုယ်ဝန်ဆောင်ကာသားယောကျာ်း ကိုဖွားမြင်လေသည်။ ထာဝရဘုရားကလည်း ``ထိုသားကိုမြန်မြန်တိုက်မြန်မြန်လုဟု နာမည်မှည့်လော့။-
4. ထိုသူငယ်သည်မေမေ၊ ဖေဖေဟူ၍ပင်ခေါ် တတ်သည့်အရွယ်သို့မရောက်မီ အာရှုရိ ဘုရင်သည် ဒမာသက်မြို့ရှိစည်းစိမ်ဥစ္စာ မှန်သမျှနှင့်ရှမာရိမြို့မှတိုက်ရာပါ ပစ္စည်းများကိုသိမ်းယူ၍သွားလိမ့်မည်'' ဟုငါ့အားမိန့်တော်မူ၏။
5. ထာဝရဘုရားသည်ငါ့အားနောက်တစ်ဖန် မိန့်တော်မူပြန်၏။-
6. ကိုယ်တော်က``ဤလူစုသည်ဆိတ်ငြိမ်စွာ စီးဆင်းလျက်နေသော ရှိလောင်ချောင်းရေ ကိုပစ်ပယ်ကာရေဇိန်မင်းနှင့်ပေကာမင်း တို့၏ရှေ့တွင်တုန်လှုပ်လျက်နေသဖြင့်၊-
7. ငါထာဝရဘုရားသည်အာရှုရိဘုရင်နှင့် သူ၏တပ်သားများအားခေါ်ယူ၍ ယုဒပြည် ကိုတိုက်ခိုက်စေမည်။ သူတို့သည်ဥဖရတ် မြစ်ရေလျှံသကဲ့သို့ကျယ်ပြန့်စွာချီတတ် လာကြလိမ့်မည်။-
8. အာရှုရိဘုရင်နှင့်တပ်မတော်တည်းဟူသော မြစ်လျှံရေတို့သည် ယုဒပြည်တစ်လျှောက်လုံး သို့ဆင်းဝင်ကာ ခပ်သိမ်းသောအရာတို့ကိုလူ တို့လည်မျိုလောက်တိုင်အောင်လွှမ်းမိုးကြ လိမ့်မည်'' ဟုငါ့အားမိန့်တော်မူ၏။အို ဧမာနွေလဘုရားသခင်သည်ငါတို့နှင့် အတူရှိတော်မူပါသည်တကား။ ကိုယ်တော် သည်မိမိမေတ္တာအတောင်တော်ကိုဖြန့်၍ ငါ တို့ပြည်ကိုကွယ်ကာစောင့်ရှောက်တော်မူ၏။
9. အချင်းနိုင်ငံခြားသားအပေါင်းတို့ကြောက်ရွံ့ လျက်စုဝေးကြလော့။ ရပ်ဝေးဒေသမှလူ အပေါင်းတို့၊ နားထောင်ကြလော့။ စစ်တိုက်ရန် အသင့်ပြင်ဆင်ကြလော့။ သို့ရာတွင်ကြောက် လန့်လျက်နေကြလော့။ သင်တို့သည်ယင်းသို့ အသင့်ပြင်ဆင်ကြသော်လည်းကြောက်လန့် လျက်နေရကြ၏။-
10. သင်တို့၏စီမံကိန်းများကိုရေးဆွဲကြလော့။ သို့ရာတွင်ထိုစီမံကိန်းတို့သည်အဘယ်အခါ ၌မျှအောင်မြင်လိမ့်မည်မဟုတ်။ သင်တို့ပြော လိုသမျှသောစကားများကိုပြောဆိုကြလော့။ သို့ရာတွင်ယင်းတို့သည်အချည်းနှီးသာလျှင် ဖြစ်လိမ့်မည်။ အဘယ်ကြောင့်ဆိုသော်ဘုရားသခင်သည်ငါတို့နှင့်အတူရှိတော်မူသော ကြောင့်ဖြစ်၏။
11. ထာဝရဘုရားသည်ပြည်သူတို့လိုက်သည့် လမ်းစဉ်ကိုမလိုက်ရန် ငါ့အားကြပ်မတ်စွာ သတိပေးတော်မူ၏။ ကိုယ်တော်က၊-
12. ``သင်သည်ထိုသူတို့နှင့်ကြံရာပါမဖြစ် စေနှင့်။ သူတို့ကြောက်လန့်သောအရာကို မကြောက်နှင့်၊-