17. ထာဝရဘုရားသည်မိမိ၏လူမျိုးတော် အား မျက်နှာတော်ကိုမပြဘဲနေတော်မူ သော်လည်း၊ ငါသည်ကိုယ်တော်ကိုယုံကြည် အားထားစောင့်စားမျှော်ကိုးပါမည်။-
18. ငါ့အားထာဝရဘုရားပေးသနားတော် မူသောသားသမီးများနှင့်အတူ ငါသည် ဤမှာရှိပါ၏။ ဇိအုန်တောင်တော်ပေါ်တွင် စိုးစံတော်မူသောအနန္တတန်ခိုးရှင်ထာဝရ ဘုရားသည် ငါတို့အားဣသရေလအမျိုး သားတို့အတွက်ပြန်ကြားသည့်ဗျာဒိတ် တော်တို့ကို သရုပ်ဆောင်သူများဖြစ်စေ တော်မူလေပြီ။
19. လူတို့သည်ဖတ်ရွတ်သရဇ္စျာယ်တတ်သူဗေဒင် ဆရာများနှင့် နတ်ဝင်သည်တို့အားစုံစမ်း မေးမြန်းရန်သင်တို့အားပြောကြလိမ့်မည်။ သူတို့က``လူတို့သည်အသက်ရှင်သူတို့ ကိုယ်စားသေသူတို့၏ဝိညာဉ်များကိုမေး မြန်းစုံစမ်းအပ်သည်'' ဟုဆိုကြလိမ့်မည်။
20. ထိုအခါသင်တို့က``ထာဝရဘုရား၏ သွန်သင်တော်မူချက်ကိုနားထောင်ကြ။ သူ တို့ပြောဆိုသောစကားများသည်သင်တို့ အတွက်အကျိုးမရှိ'' ဟုပြန်ပြောကြ လော့။
21. လူတို့သည်မိမိတို့ပြည်တွင်စိတ်ပျက်အား လျော့လျက် ဆာလောင်မွတ်သိပ်လျက်သွားလာ ရကြလိမ့်မည်။ သူတို့သည်ဆာလောင်မွတ်သိပ် မှုနှင့်အမျက်ထွက်မှုတို့ကြောင့်မိမိတို့၏ ဘုရင်နှင့် မိမိတို့၏ဘုရားသခင်ကိုကျိန် ဆဲကြလိမ့်မည်။ သူတို့သည်ကောင်းကင်သို့ မျှော်ကြည့်သည့်အခါသော်လည်းကောင်း၊-
22. မြေကြီးသို့စိုက်ကြည့်သည့်အခါသော် လည်းကောင်းဆင်းရဲဒုက္ခနှင့်ကံဆိုးမိုးမှောင် မှတစ်ပါး အဘယ်အရာကိုမျှတွေ့ရကြ လိမ့်မည်မဟုတ်။ ထိုသူတို့အပေါ်သို့ထိတ် လန့်ဖွယ်ရာကံဆိုးမိုးမှောင်ကျရောက်လာ လိမ့်မည်။ ဤသို့ဆင်းရဲဒုက္ခရောက်ရာကာလ နှင့်သူတို့ကင်းလွတ်ရန်လမ်းရှိတော့မည် မဟုတ်။