ဟေ​ရှာ​ယ 8:15-20 Common Language Bible (BCL)

15. လူ​အ​များ​ပင်​တိုက်​မိ​၍​လဲ​ကြ​လိမ့်​မည်။ သူ​တို့​သည်​ယင်း​သို့​လဲ​ကျ​ကာ​ကျိုး​ပဲ့​၍ သွား​ကြ​လိမ့်​မည်။ သူ​တို့​သည်​ကျော့​ကွင်း တွင်​မိ​ကြ​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။

16. ငါ​၏​တ​ပည့်​တို့​သည်​ငါ့​အား​ဘု​ရား​သ​ခင် ပေး​တော်​မူ​သော​ဗျာ​ဒိတ်​တော်​များ​ကို စောင့်​ရှောက်​ထိန်း​သိမ်း​ရ​ကြ​ပေ​မည်။-

17. ထာ​ဝ​ရ​ဘု​ရား​သည်​မိ​မိ​၏​လူ​မျိုး​တော် အား မျက်​နှာ​တော်​ကို​မ​ပြ​ဘဲ​နေ​တော်​မူ သော်​လည်း၊ ငါ​သည်​ကိုယ်​တော်​ကို​ယုံ​ကြည် အား​ထား​စောင့်​စား​မျှော်​ကိုး​ပါ​မည်။-

18. ငါ့​အား​ထာ​ဝ​ရ​ဘု​ရား​ပေး​သ​နား​တော် မူ​သော​သား​သ​မီး​များ​နှင့်​အ​တူ ငါ​သည် ဤ​မှာ​ရှိ​ပါ​၏။ ဇိ​အုန်​တောင်​တော်​ပေါ်​တွင် စိုး​စံ​တော်​မူ​သော​အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ ဘု​ရား​သည် ငါ​တို့​အား​ဣ​သ​ရေ​လ​အ​မျိုး သား​တို့​အ​တွက်​ပြန်​ကြား​သည့်​ဗျာ​ဒိတ် တော်​တို့​ကို သ​ရုပ်​ဆောင်​သူ​များ​ဖြစ်​စေ တော်​မူ​လေ​ပြီ။

19. လူ​တို့​သည်​ဖတ်​ရွတ်​သ​ရဇ္စျာယ်​တတ်​သူ​ဗေ​ဒင် ဆ​ရာ​များ​နှင့် နတ်​ဝင်​သည်​တို့​အား​စုံ​စမ်း မေး​မြန်း​ရန်​သင်​တို့​အား​ပြော​ကြ​လိမ့်​မည်။ သူ​တို့​က``လူ​တို့​သည်​အ​သက်​ရှင်​သူ​တို့ ကိုယ်​စား​သေ​သူ​တို့​၏​ဝိ​ညာဉ်​များ​ကို​မေး မြန်း​စုံ​စမ်း​အပ်​သည်'' ဟု​ဆို​ကြ​လိမ့်​မည်။

20. ထို​အ​ခါ​သင်​တို့​က``ထာ​ဝ​ရ​ဘု​ရား​၏ သွန်​သင်​တော်​မူ​ချက်​ကို​နား​ထောင်​ကြ။ သူ တို့​ပြော​ဆို​သော​စ​ကား​များ​သည်​သင်​တို့ အ​တွက်​အ​ကျိုး​မ​ရှိ'' ဟု​ပြန်​ပြော​ကြ လော့။

ဟေ​ရှာ​ယ 8