ဟေ​ရှာ​ယ 7:8-13 Common Language Bible (BCL)

8. အ​ဘယ်​ကြောင့်​ဆို​သော်​ရှု​ရိ​ပြည်​၏​အင်​အား သည် ဒ​မာ​သက်​မြို့​ပင်​ဖြစ်​၍​ဒ​မာ​သက်​မြို့​၏ အင်​အား​မှာ​လည်း ရေ​ဇိန်​မင်း​ပင်​ဖြစ်​သော ကြောင့်​တည်း။ ဣ​သ​ရေ​လ​ပြည်​သည်​လည်း ခြောက်​ဆယ့်​ငါး​နှစ်​အ​တွင်း ပြို​ကွဲ​လျက် နိုင်​ငံ​တစ်​ခု​အ​နေ​ဖြင့်​ရပ်​တည်​နိုင်​တော့ မည်​မ​ဟုတ်။-

9. ဣ​သ​ရေ​လ​ပြည်​၏​အင်​အား​သည် ရှ​မာ​ရိ မြို့​ဖြစ်​၍​ရှ​မာ​ရိ​မြို့​၏​အင်​အား​မှာ​လည်း ပေ​ကာ​မင်း​ပင်​ဖြစ်​ပေ​သည်။''``အ​ကယ်​၍​သင်​တို့​သည် ခိုင်​မြဲ​စွာ​ဘု​ရား​သ​ခင်​အား​ယုံ​ကြည်​ကိုး​စား​မှု​မ​ပြု​လျှင် အ​ဘယ်​အ​ခါ​၌​မျှ​ရပ်​တည်​နိုင်​ကြ​လိမ့် မည်​မ​ဟုတ်'' ဟု​မိန့်​တော်​မူ​၏။

10. ထာ​ဝ​ရ​ဘု​ရား​သည်​အာ​ခတ်​ထံ​သို့ မိ​မိ ၏​စေ​တ​မန်​ကို​လွှတ်​တော်​မူ​ပြန်​၍၊-

11. ``နိ​မိတ်​လက္ခ​ဏာ​တစ်​ခု​ကို​ပြ​တော်​မူ​ရန် သင်​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​အား တောင်း​လျှောက်​လော့။ ထို​နိ​မိတ်​လက္ခ​ဏာ​သည် မ​ရ​ဏာ​နိုင်​ငံ​မှ​လည်း​ကောင်း၊ အ​ထက်​ကောင်း ကင်​ဘုံ​မှ​လည်း​ကောင်း​ဖြစ်​နိုင်​ပါ​သည်'' ဟု ပြော​ကြား​စေ​တော်​မူ​၏။

12. အာ​ခတ်​က``ငါ​သည်​ထာ​ဝ​ရ​ဘု​ရား​အား အ​ကဲ​မ​စမ်း​လို​ပါ။ သို့​ဖြစ်​၍​နိ​မိတ် လက္ခ​ဏာ​ကို​တောင်း​လျှောက်​လိမ့်​မည် မ​ဟုတ်'' ဟု​ဆို​၏။

13. ထို​အ​ခါ​ဟေ​ရှာ​ယ​က``အို ဒါ​ဝိဒ်​၏​သား​မြေး၊ နား​ထောင်​လော့။ သင်​သည်​မိ​မိ​အား​ပြည်​သူ​တို့ ငြီး​ငွေ့​အောင်​ပြု​ရုံ​ဖြင့်​မ​ကျေ​နပ်​ဘဲ ထာ​ဝ​ရ ဘု​ရား​လည်း​ငြီး​ငွေ့​လာ​အောင်​ပြု​လို​ပါ သ​လော။-

ဟေ​ရှာ​ယ 7