8. အဘယ်ကြောင့်ဆိုသော်ရှုရိပြည်၏အင်အား သည် ဒမာသက်မြို့ပင်ဖြစ်၍ဒမာသက်မြို့၏ အင်အားမှာလည်း ရေဇိန်မင်းပင်ဖြစ်သော ကြောင့်တည်း။ ဣသရေလပြည်သည်လည်း ခြောက်ဆယ့်ငါးနှစ်အတွင်း ပြိုကွဲလျက် နိုင်ငံတစ်ခုအနေဖြင့်ရပ်တည်နိုင်တော့ မည်မဟုတ်။-
9. ဣသရေလပြည်၏အင်အားသည် ရှမာရိ မြို့ဖြစ်၍ရှမာရိမြို့၏အင်အားမှာလည်း ပေကာမင်းပင်ဖြစ်ပေသည်။''``အကယ်၍သင်တို့သည် ခိုင်မြဲစွာဘုရားသခင်အားယုံကြည်ကိုးစားမှုမပြုလျှင် အဘယ်အခါ၌မျှရပ်တည်နိုင်ကြလိမ့် မည်မဟုတ်'' ဟုမိန့်တော်မူ၏။
10. ထာဝရဘုရားသည်အာခတ်ထံသို့ မိမိ ၏စေတမန်ကိုလွှတ်တော်မူပြန်၍၊-
11. ``နိမိတ်လက္ခဏာတစ်ခုကိုပြတော်မူရန် သင်၏ဘုရားသခင်ထာဝရဘုရားအား တောင်းလျှောက်လော့။ ထိုနိမိတ်လက္ခဏာသည် မရဏာနိုင်ငံမှလည်းကောင်း၊ အထက်ကောင်း ကင်ဘုံမှလည်းကောင်းဖြစ်နိုင်ပါသည်'' ဟု ပြောကြားစေတော်မူ၏။