5. ရှုရိပြည်သည်ဣသရေလပြည်နှင့် ၎င်း ၏ရှင်ဘုရင်တို့နှင့်အတူ လျှို့ဝှက်သော အကြံအစည်တစ်ခုကိုပြု၏။-
6. သူတို့သည်ယုဒပြည်ကိုချင်းနင်းဝင်ရောက် ကာပြည်သူတို့အား မိမိဘက်သို့ပါအောင် ခြိမ်းခြောက်၍တဗာလ၏သားကိုနန်းတင် ရန်ကြံရွယ်ထားကြ၏။
7. သို့ရာတွင် အရှင်ထာဝရဘုရားဖွင့်ဟ ကြေညာသည်မှာ``ဤသို့အဘယ်အခါ ၌မျှဖြစ်ရလိမ့်မည်မဟုတ်။-
8. အဘယ်ကြောင့်ဆိုသော်ရှုရိပြည်၏အင်အား သည် ဒမာသက်မြို့ပင်ဖြစ်၍ဒမာသက်မြို့၏ အင်အားမှာလည်း ရေဇိန်မင်းပင်ဖြစ်သော ကြောင့်တည်း။ ဣသရေလပြည်သည်လည်း ခြောက်ဆယ့်ငါးနှစ်အတွင်း ပြိုကွဲလျက် နိုင်ငံတစ်ခုအနေဖြင့်ရပ်တည်နိုင်တော့ မည်မဟုတ်။-
9. ဣသရေလပြည်၏အင်အားသည် ရှမာရိ မြို့ဖြစ်၍ရှမာရိမြို့၏အင်အားမှာလည်း ပေကာမင်းပင်ဖြစ်ပေသည်။''``အကယ်၍သင်တို့သည် ခိုင်မြဲစွာဘုရားသခင်အားယုံကြည်ကိုးစားမှုမပြုလျှင် အဘယ်အခါ၌မျှရပ်တည်နိုင်ကြလိမ့် မည်မဟုတ်'' ဟုမိန့်တော်မူ၏။
10. ထာဝရဘုရားသည်အာခတ်ထံသို့ မိမိ ၏စေတမန်ကိုလွှတ်တော်မူပြန်၍၊-
11. ``နိမိတ်လက္ခဏာတစ်ခုကိုပြတော်မူရန် သင်၏ဘုရားသခင်ထာဝရဘုရားအား တောင်းလျှောက်လော့။ ထိုနိမိတ်လက္ခဏာသည် မရဏာနိုင်ငံမှလည်းကောင်း၊ အထက်ကောင်း ကင်ဘုံမှလည်းကောင်းဖြစ်နိုင်ပါသည်'' ဟု ပြောကြားစေတော်မူ၏။
12. အာခတ်က``ငါသည်ထာဝရဘုရားအား အကဲမစမ်းလိုပါ။ သို့ဖြစ်၍နိမိတ် လက္ခဏာကိုတောင်းလျှောက်လိမ့်မည် မဟုတ်'' ဟုဆို၏။
13. ထိုအခါဟေရှာယက``အို ဒါဝိဒ်၏သားမြေး၊ နားထောင်လော့။ သင်သည်မိမိအားပြည်သူတို့ ငြီးငွေ့အောင်ပြုရုံဖြင့်မကျေနပ်ဘဲ ထာဝရ ဘုရားလည်းငြီးငွေ့လာအောင်ပြုလိုပါ သလော။-
14. ယခုထာဝရဘုရားကိုယ်တော်တိုင်ပင် သင့် အားနိမိတ်လက္ခဏာတစ်ခုကိုပြတော်မူ လိမ့်မည်။ အမျိုးသမီးပျိုတစ်ယောက်သည် ကိုယ်ဝန်ဆောင်၍သားယောကျာ်းကိုဖွားမြင် လိမ့်မည်။ သူသည်ထိုသားကို`ဧမာနွေလ' ဟုနာမည်ပေးလိမ့်မည်။-
15. ထိုသူငယ်သည်အရွယ်ရောက်၍စဉ်းစား ဆုံးဖြတ်တတ်ချိန်ရောက်သည့်အခါ နို့နှင့် ပျားရည်ကိုသာစားသုံးလိမ့်မည်။-
16. ထိုအချိန်ကာလမကျမီ၌ပင်လျှင် သင် ကြောက်လန့်သည့်ဘုရင်နှစ်ပါး၏တိုင်း ပြည်များသည်လူသူဆိတ်ငြိမ်ရာဖြစ် လျက်နေလိမ့်မည်။
17. ``ဣသရေလနှင့်ယုဒနှစ်ခြမ်းကွဲချိန်မှအစ ပြု၍ မကြုံဘူးသေးသောဘေးဒုက္ခများကို ထာဝရဘုရားသည် သင်နှင့်သင်၏ပြည်သူတို့ အပေါ်သို့လည်းကောင်း၊ မင်းဆွေမင်းမျိုးမှန် သမျှအပေါ်သို့လည်းကောင်းသက်ရောက်စေ တော်မူလိမ့်မည်။ ကိုယ်တော်သည်အာရှုရိ ဘုရင်ကိုခေါ်ဆောင်လာတော်မူပေအံ့။
18. ``ထိုအချိန်ကျရောက်လာသောအခါထာဝရ ဘုရားသည် အီဂျစ်အမျိုးသားတို့အားယင် ကောင်များသဖွယ်နိုင်းမြစ်လက်တက်များ၏ အစွန်အဖျားမှလည်းကောင်း၊ အာရှုရိအမျိုး သားတို့အားပျားများသဖွယ်မိမိတို့ပြည် မှလည်းကောင်းလာရောက်ကြရန်လေချွန်သံ ဖြင့်အချက်ပေးတော်မူလိမ့်မည်။-
19. သူတို့သည်လည်းကျောက်ထူထပ်သည့်ချိုင့် ဝှမ်းများ၊ ကျောက်ဂူများ၊ ဆူးခြုံရှိသမျှ နှင့်စားကျက်ရှိသမျှတို့ကိုကြိတ်ကြိတ် တိုးလာရောက်ကြလိမ့်မည်။
20. ``ထိုအချိန်ကျရောက်လာသောအခါ၊ ထာဝရ ဘုရားသည်ဥဖရတ်မြစ်တစ်ဖက်ကမ်းမှ အာရှုရိဘုရင်တည်းဟူသောဆံပင်ညှပ် သမားကိုငှား၍သင်တို့၏မုတ်ဆိတ်များ ကိုလည်းကောင်း၊ ဆံပင်နှင့်ကိုယ်မွေးများ ကိုလည်းကောင်းရိတ်စေတော်မူလိမ့်မည်။
21. ``ထိုအချိန်ကျရောက်လာသောအခါအကယ် ၍လယ်သမားတစ်ယောက်တွင် နွားသငယ် တစ်ကောင်နှင့်ဆိတ်နှစ်ကောင်သာလျှင်ရှိ သော်လည်း၊-