20. ``ထိုအချိန်ကျရောက်လာသောအခါ၊ ထာဝရ ဘုရားသည်ဥဖရတ်မြစ်တစ်ဖက်ကမ်းမှ အာရှုရိဘုရင်တည်းဟူသောဆံပင်ညှပ် သမားကိုငှား၍သင်တို့၏မုတ်ဆိတ်များ ကိုလည်းကောင်း၊ ဆံပင်နှင့်ကိုယ်မွေးများ ကိုလည်းကောင်းရိတ်စေတော်မူလိမ့်မည်။
21. ``ထိုအချိန်ကျရောက်လာသောအခါအကယ် ၍လယ်သမားတစ်ယောက်တွင် နွားသငယ် တစ်ကောင်နှင့်ဆိတ်နှစ်ကောင်သာလျှင်ရှိ သော်လည်း၊-
22. သူသည်မိမိစားသုံးရန်လိုသမျှသောနို့ များကိုရရှိလိမ့်မည်။ ထိုပြည်တွင်မသေဘဲ ကျန်ရစ်သမျှသောလူတို့သည်နို့နှင့်ပျား ရည်ကိုစားသုံးရကြလိမ့်မည်။
23. ထိုအချိန်ကျရောက်လာသောအခါစပျစ် ပင်တစ်ထောင်ရှိ၍ ငွေခွက်တစ်ထောင်တန်ဖိုး ထိုက်သည့်စပျစ်ဥယျာဉ်တိုင်းပင်လျှင်ဆူး ခြုံအမျိုးမျိုးဖြင့်ဖုံးအုပ်၍နေလိမ့်မည်။-
24. လေးမြားမပါဘဲအဘယ်သူမျှထိုအရပ် သို့သွားရဲကြလိမ့်မည်မဟုတ်။ တိုင်းပြည် တစ်ခုလုံးပင်လျှင်ဆူးခြုံအမျိုးမျိုး ဖြင့်ပြည့်၍နေလိမ့်မည်။-
25. အခါတစ်ပါးကသီးနှံပင်များစိုက်ပျိုးခဲ့ သည့်တောင်ကုန်းမှန်သမျှသည် ဆူးခြုံအမျိုး မျိုးနှင့်ပြည့်နှက်နေသဖြင့် ထိုနေရာများသို့ အဘယ်သူမျှသွားကြလိမ့်မည်မဟုတ်။ နွား များသိုးများကျက်စားရာသာလျှင်ဖြစ် လိမ့်မည် '' ဟုဆို၏။