12. ထာဝရဘုရားက``ငါသည်သင်တို့အား တည်မြဲသည့်စည်းစိမ်ချမ်းသာကိုပေးမည်။ လူမျိုးတကာတို့၏ပစ္စည်းဥစ္စာများသည် အဘယ်အခါ၌မျှမခန်းမခြောက်သည့် မြစ်ရေကဲ့သို့ သင်တို့ထံသို့စီးဆင်းလာ လိမ့်မည်။ သင်တို့သည်မိခင်ဖြစ်သူကချစ် ခင်ယုယစွာပိုက်ပွေ့လျက်နို့တိုက်ကျွေး သည့်ကလေးနှင့်တူလိမ့်မည်။-
13. မိခင်သည်သားငယ်ကိုနှစ်သိမ့်စေသကဲ့သို့ငါသည်သင်တို့အား ယေရုရှလင်မြို့တွင်နှစ်သိမ့်စေမည်။-
14. ဤအမှုအရာကိုမြင်သောအခါသင်တို့ သည်ဝမ်းမြောက်ကြလျက် ကျန်းမာသန်စွမ်း ၍လာလိမ့်မည်။ ထိုနောက်ထာဝရဘုရား သည်မိမိ၏စကားကိုနားထောင်သူတို့ အားကူမတော်မူ၍ ရန်သူတို့ကိုမူ အမျက်တော်သင့်စေကြောင်းကိုသင်တို့ သိရှိကြလိမ့်မည်'' ဟုမိန့်တော်မူ၏။
15. ထာဝရဘုရားသည်မီးလျှံကိုစီး၍ကြွ လာတော်မူလိမ့်မည်။ ကိုယ်တော်သည်မိမိ အမျက်ထွက်သူတို့အားအပြစ်ဒဏ်ခတ် ရန်လေဗွေရထားကိုစီး၍ကြွလာတော် မူလိမ့်မည်။-
16. အပြစ်ရှိကြောင်းတွေ့ရှိရသူအပေါင်းတို့ အား ကိုယ်တော်သည်မီးအားဖြင့်လည်းကောင်း၊ ဋ္ဌားလက်နက်အားဖြင့်လည်းကောင်းဆုံးမ တော်မူလိမ့်မည်။ ထိုသူတို့သည်လည်းသေ ကြေရကြလိမ့်မည်။
17. ထာဝရဘုရားက``ရုပ်တုများကိုဝတ်ပြု ကိုးကွယ်ရန်နှင့်ဥယျာဉ်နတ်ကွန်းများသို့ သွားရောက်ရန်အတွက် မိမိတို့ကိုယ်ကိုသန့် စင်မှုပြုသူများ၊ ဝက်သားကြွက်သားနှင့် စက်ဆုတ်ရွံရှာဖွယ်ကောင်းသည့် အစား အစာများကိုစားသုံးသူများပျက်သုဉ်း ရမည့်အချိန်ကာလသည်နီးကပ်လာလေ ပြီ။-
18. သူတို့၏အပြုအမူအကျင့်အကြံများကို ငါသိ၏။ ငါသည်နိုင်ငံတကာမှလူတို့ကို စုသိမ်းရန်ကြွလာတော်မူမည်။ ထိုသူတို့သည် စုဝေးမိသောအခါငါ၏ဘုန်းတန်ခိုးတော် မည်မျှတတ်စွမ်းတော်မူကြောင်းကိုမြင်ရ လိမ့်မည်။ မိမိတို့အားအပြစ်ဒဏ်ခတ်သူ မှာငါပင်ဖြစ်ကြောင်းကိုလည်းသိရှိကြ လိမ့်မည်။ သို့ရာတွင်ငါသည်အချို့သောသူ များကိုချမ်းသာပေးမည်။-
19. ငါသည်သူတို့အားငါ၏ဂုဏ်သတင်းကို မကြားဘူး၊ ငါ၏ကြီးမြတ်သည့်တန်ခိုး တော်ကိုမမြင်ဘူးသည့်ရပ်ဝေးနိုင်ငံများ ဖြစ်သော တာရှုပြည်လိဗိယပြည်နှင့်ကျွမ်း ကျင်သူလေးသည်တော်များရှိရာလုဒ ပြည်သို့လည်းကောင်း၊ တုဗလပြည်နှင့် ဂရိတ်ပြည်သို့လည်းကောင်းငါစေလွှတ်မည်။ သူတို့သည်ထိုပြည်များမှလူတို့အား ငါ၏ဘုန်းတော်အကြောင်းကိုပြောကြား ရလိမ့်မည်။-
20. ``သူတို့သည်လူမျိုးတကာတို့ထံမှသင် တို့အမျိုးသားများကို ထာဝရဘုရား အတွက်လက်ဆောင်ပဏ္ဏာအဖြစ်ခေါ်ဆောင် လာကြလိမ့်မည်။ ဣသရေလအမျိုးသား တို့သည်အသီးအနှံများကို ထုံးတမ်းစဉ် လာအရသန့်စင်သည့်အိုးခွက်များတွင် ထည့်၍ ဗိမာန်တော်သို့ယူဆောင်လာကြ သကဲ့သို့၊ ထိုသူတို့သည်အဆိုပါလက် ဆောင်ပဏ္ဏာများကိုမြင်း၊ မြည်း၊ ကုလား အုပ်များမြင်းရထားနှင့်လှည်းများနှင့် တင်၍ယေရုရှလင်မြို့ရှိသန့်ရှင်းမြင့် မြတ်သောတောင်တော်ပေါ်သို့ယူဆောင် လာကြလိမ့်မည်။-
21. ငါသည်ထိုသူအချို့တို့ကိုယဇ်ပုရော ဟိတ်နှင့်လေဝိအနွယ်ဝင်များအဖြစ် ခန့်ထားမည်။''
22. ``ကမ္ဘာမြေကြီးသစ်နှင့်မိုးကောင်းကင်သစ် တို့သည် ငါ၏တန်ခိုးတော်အားဖြင့်တည် မြဲလျက်နေသကဲ့သို့၊ သင်တို့နာမည်နာမ များနှင့်သားမြေးတို့သည်တည်မြဲလျက် နေလိမ့်မည်။
23. ``လဆန်းပွဲတော်နေ့များနှင့်ဥပုသ်နေ့ကျ ရောက်သည့်အခါတိုင်း လူမျိုးတကာတို့သည် ယေရုရှလင်မြို့သို့လာ၍ငါ့အားဝတ်ပြု ကိုးကွယ်ကြလိမ့်မည်'' ဟု ထာဝရဘုရား မိန့်တော်မူသည်။-
24. ``ထိုသူတို့သည်မိမိတို့ပြည်များသို့ပြန် ကြသောအခါငါ့ကိုပုန်ကန်သူတို့၏ အလောင်းများကိုတွေ့မြင်ကြလိမ့်မည်။ ထိုအလောင်းများကိုဖျက်ဆီးသည့်လောက် ကောင်တို့သည်အဘယ်အခါ၌မျှသေကြ လိမ့်မည်မဟုတ်။ အလောင်းတို့ကိုလောင် လျက်နေသောမီးသည်လည်းအဘယ်အခါ ၌မျှငြိမ်းလိမ့်မည်မဟုတ်။ လူအပေါင်းတို့ သည်ထိုအချင်းအရာကိုမြင်၍စက်ဆုတ် ရွံရှာကြလိမ့်မည်။ ပရောဖက်ဟေရှာယစီရင်ရေးထားသော အနာဂတ္တိကျမ်းပြီး၏။