6. ``သူတို့အားအဘယ်သို့အပြစ်ဒဏ်ခတ်မည် ကိုငါဆုံးဖြတ်ပြီးလေပြီ။ သူတို့အတွက် စီရင်ချက်ကိုလည်းရေးမှတ်၍ထား၏။ ငါ သည်သူတို့ပြုခဲ့သည့်အမှုတို့ကိုလျစ် လူရှုလိမ့်မည်မဟုတ်။-
7. သူတို့၏အပြစ်ကြွေးများကိုလည်းကောင်း၊ သူတို့ဘိုးဘေးတို့၏အပြစ်ကြွေးများကို လည်းကောင်းငါဆပ်စေမည်။ သူတို့သည်တောင် ပေါ်ရှိရုပ်တုကိုးကွယ်ရာဌာနများတွင်နံ့ သာပေါင်းကိုမီးရှို့ပူဇော်ကာ ငါ့ကိုကဲ့ရဲ့ ကြလေပြီ။ သို့ဖြစ်၍သူတို့အားထိုက် လျောက်ရာအပြစ်ဒဏ်ကိုငါပေးမည်'' ဟု မိန့်တော်မူ၏။
8. ထာဝရဘုရားက``စပျစ်သီးကောင်းများ ကို အဘယ်သူမျှမဖျက်ဆီးတတ်။ နယ်၍ စပျစ်ရည်လုပ်တတ်ကြ၏။ ငါသည်လည်း ငါ၏လူအပေါင်းကိုသုတ်သင်ဖျက်ဆီး ပစ်လိမ့်မည်မဟုတ်။-
9. ငါ့အားဝတ်ပြုကိုးကွယ်သူကိုငါကယ်တင် မည်။ ယုဒအနွယ်ဝင်တို့ကိုကောင်းချီးပေး မည်။ ယုဒ၏သားမြေးများသည်တောင်ပေါ် ဒေသများဖြစ်သော ငါ၏ပြည်တော်ကို အပိုင်ရရှိကြလိမ့်မည်။ ငါ၏ကျွန်ငါ ၏လူမျိုးတော်သည်ထိုပြည်တွင်နေထိုင်၍ အမွေခံရကြလိမ့်မည်။-
10. သူတို့သည်ငါ့ကိုရှိခိုးဝတ်ပြုကာမိမိတို့ ၏သိုးနှင့်ကျွဲနွားများကိုအနောက်ဘက်ရှိ ရှာရုန်လွင်ပြင်တွင်လည်းကောင်း၊ အရှေ့ဘက် ရှိအာခေါ်ချိုင့်စားကျက်များတွင်လည်း ကောင်း နားနေစရာအဖြစ်ကျောင်းကြ လိမ့်မည်။