ဟေ​ရှာ​ယ 64:5-7 Common Language Bible (BCL)

5. ကိုယ်​တော်​ရှင်​သည်​မှန်​ရာ​ကို​ပြု​ကျင့်​၍​ပျော်​မွေ့ တတ်​သူ​များ​အား​လည်း​ကောင်း၊ ကိုယ်​တော်​ရှင် ၏​အ​လို​တော်​အ​တိုင်း​ပြု​ကျင့်​ရန်​မ​မေ့​မ လျော့​တတ်​သူ​များ​အား​လည်း​ကောင်း​ကြို​ဆို လက်​ခံ​တော်​မူ​ပါ​၏။ ကိုယ်​တော်​ရှင်​သည်​ကျွန် တော်​မျိုး​တို့​အား​အ​မျက်​ထွက်​တော်​မူ​သော် လည်း ကျွန်​တော်​မျိုး​တို့​သည်​အ​ပြစ်​ကူး​မြဲ ကူး​လျက်​နေ​ကြ​ပါ​၏။ ကိုယ်​တော်​အ​မျက် ထွက်​နေ​ပါ​လျက်​ကျွန်​တော်​မျိုး​တို့​သည် အ​မှား​ကို​ပြု​မြဲ​ပြု​ကြ​ပါ​၏။ ရှေး​ယ​ခင် က​စ​၍​ဤ​သို့​ပြု​ခဲ့​မိ​ကြ​ပါ​၏။-

6. ကျွန်​တော်​မျိုး​တို့​အား​လုံး​အ​ပြစ်​သား​များ ဖြစ်​ကြ​ပါ​၏။ ကျွန်ုပ်​တို့​၏​အ​ကောင်း​ဆုံး အ​ကျင့်​ပင်​လျှင်​လုံး​ဝ​ဥ​ဿုံ​ရွံ​ရှာ​ဖွယ်​သာ ဖြစ်​ပါ​၏။ ကျွန်​တော်​မျိုး​တို့​သည်​မိ​မိ​တို့​၏ အ​ပြစ်​များ​ကြောင့်​လေ​လွင့်​ရွက်​ခြောက်​များ နှင့်​တူ​ကြ​ပါ​၏။-

7. ကိုယ်​တော်​ရှင်​၏​နာ​မ​တော်​နှင့်​ထံ​တော်​သို့ တစ်​ဦး​တစ်​ယောက်​မျှ​ဆု​တောင်း​ပတ္ထ​နာ​မ ပြု​ပါ။ ``ကူ​မ​တော်​မူ​ပါ'' ဟု​လည်း​တစ်​ဦး တစ်​ယောက်​မျှ​လာ​ရောက်​ပန်​ကြား​မှု​မ​ပြု ပါ။ ကျွန်​တော်​မျိုး​တို့​အ​ပြစ်​များ​ကြောင့် ကိုယ်​တော်​ရှင်​သည်​မျက်​နှာ​တော်​ကို​လွှဲ တော်​မူ​၍​ကျွန်​တော်​မျိုး​တို့​အား​စွန့်​ပစ် တော်​မူ​ပါ​ပြီ။

ဟေ​ရှာ​ယ 64