ဟေ​ရှာ​ယ 62:1-3 Common Language Bible (BCL)

1. ငါ​သည်​ယေ​ရု​ရှ​လင်​မြို့​ကို​အား​ပေး​စ​ကား ဖွင့်​ဟ​ပြော​ဆို​မည်။ထို​မြို့​သည်​ကယ်​တင်​ခြင်း​ကို​ခံ​ရ​၍​သူ​၏ အောင်​မြင်​ခြင်း​သည်မီး​ရှူး​တိုင်​သ​ဖွယ်​ထွန်း​တောက်​၍မ​လာ​မ​ချင်း၊ငါ​သည်​ဇိ​အုန်​မြို့​အ​တွက် ဆိတ်​ဆိတ်​နေ​လိမ့်​မည်​မ​ဟုတ်။

2. အို ယေ​ရု​ရှ​လင်​မြို့၊လူ​မျိုး​တ​ကာ​တို့​သည်သင်​၏​အောင်​မြင်​ခြင်း​ကို​တွေ့​မြင် ရ​ကြ​လိမ့်​မည်။ဘု​ရင်​အ​ပေါင်း​တို့​သည်​လည်း​သင်​၏​ဘုန်း အ​သ​ရေ​ကို တွေ့​မြင်​ရ​ကြ​လိမ့်​မည်။သင်​သည်​ထာ​ဝ​ရ​ဘု​ရား​ကိုယ်​တော်​တိုင် ပေး​တော်​မူ​သည့်​နာ​မည်​သစ်​ကို​ရ​ရှိ​လိမ့်​မည်။

3. သင်​သည်​ထာ​ဝ​ရ​ဘု​ရား​အ​တွက်အ​လွန်​လှ​ပ​တင့်​တယ်​သော​ဦး​ရစ်​သ​ရ​ဖူ​သ​ဖွယ် ဖြစ်​လိမ့်​မည်။

ဟေ​ရှာ​ယ 62