ထိုသင်္ဘောတို့သည်ရပ်ဝေးမှဘုရားသခင်၏လူမျိုးတော်အားမိမိတို့ပြည်သို့တင်ဆောင်လာသည့် သင်္ဘောများဖြစ်၏။ယင်းတို့သည်ဣသရေလအမျိုးသားတို့၏ သန့်ရှင်းသောဘုရားသခင်ထာဝရဘုရားကိုချီးမြှောက်ရန်၊ရွှေနှင့်ငွေများကိုယူဆောင် လာကြခြင်းဖြစ်၏။ကိုယ်တော်သည်မိမိ၏လူမျိုးတော်ကို ချီးမြှောက်စေတော်မူပြီ။