ဟေ​ရှာ​ယ 59:3-16 Common Language Bible (BCL)

3. သင်​တို့​သည်​လိမ်​လည်​ကောက်​ကျစ်​စွာ​ပြော ဆို​မှု၊ သင်​တို့​၏​လက်​များ​နှင့်​လက်​ချောင်း များ​သည် သွေး​များ​ပေ​ကျံ​မှု၊ လူ​သတ်​မှု တို့​အ​တွက်​အ​ပြစ်​ရှိ​ကြ​၏။

4. သင်​တို့​သည်​တ​ရား​ရုံး​တော်​သို့​သွား​သော် လည်း တ​ရား​မျှ​တ​မှု​မ​ရှိ၊ တ​ရား​သည့် ဘက်​၌​မ​နေ​ကြ။ မိ​မိ​တို့​အ​မှု​နိုင်​ရန် အ​တွက်​မု​သား​စ​ကား​ပြော​ဆို​လျက် အ​ကြောင်း​မဲ့​ငြင်း​ခုံ​တတ်​ကြ​၏။

5. သင်​တို့​၏​ဆိုး​ရွား​သော​အ​ကြံ​စည်​များ​သည် မြွေ​ဆိုး​ဥ​များ​ကဲ့​သို့​ပေါက်​ပွား​စေ​၏။ တစ် ခု​ကို​ဖျက်​ဆီး​လိုက်​လျှင် မြွေ​ဆိုး​တစ်​ကောင် ပေါက်​လာ​တတ်​ပါ​သည်​တ​ကား။ သင်​တို့​၏ အ​ကြံ​အ​စည်​များ​သည်​သင်​တို့​ကို​အ​ကျိုး ပေး​လိမ့်​မည်​မ​ဟုတ်။-

6. ယင်း​တို့​သည်​ပင့်​ကူ​မြှေး​ဖြင့်​ယက်​လုပ်​သော အ​ထည်​ကဲ့​သို့ အ​ချည်း​နှီး​သာ​လျှင်​ဖြစ်​ကြ ၏။ မိ​မိ​တို့​ယက်​လုပ်​သော​အ​ရာ​သည် လုံ​ခြုံ မှု​ကို​မ​ပေး​နိုင်၊ ဆိုး​ညစ်​၍​အ​ကြမ်း​ဖက် သော​အ​မှု​တို့​ပြု​လုပ်​ကြ​၏။-

7. သင်​တို့​သည်​မ​ကောင်း​မှု​တစ်​ခု​ခု​ကို​ထာ​ဝ စဉ်​ကြံ​စည်​လျက် အ​ပြစ်​ကို​မ​ဆိုင်း​မ​တွ ပြု​ကျင့်​တတ်​ကြ​၏။ အ​ပြစ်​မ​ရှိ​သော​သူ ကို​သတ်​ရန်​ပင်​လျှင်​လက်​မ​နှေး​ကြ။ သင် တို့​ရောက်​လေ​ရာ​အ​ရပ်​တိုင်း​၌​ဆုံး​ပါး ပျက်​စီး​မှု​သာ​လျှင်​ကျန်​ရှိ​ခဲ့​တတ်​၏။-

8. သင်​တို့​ရောက်​ရှိ​နေ​ချိန်​၌​လည်း​အ​ဘယ်​သူ မျှ​အ​သက်​စည်း​စိမ်​လုံ​ခြုံ​မှု​မ​ရှိ။ သင်​တို့ ပြု​သော​အ​မှု​မှန်​သ​မျှ​သည်​မ​တ​ရား သော​အ​မှု​များ​ဖြစ်​၏။ သင်​တို့​သည်​လမ်း ကောက်​ကို​လိုက်​တတ်​ကြ​၏။ ထို​လမ်း​ကို လိုက်​သော​သူ​တိုင်း​အ​ဘယ်​အ​ခါ​၌​မျှ ဘေး​မဲ့​လုံ​ခြုံ​မှု​ရှိ​လိမ့်​မည်​မ​ဟုတ်။

9. လူ​တို့​က``ဘု​ရား​သ​ခင်​သည်​ငါ​တို့​အား မ​တ​ရား​ပြု​သူ​တို့​လက်​မှ​အ​ဘယ်​ကြောင့် ကယ်​တော်​မ​မူ​ကြောင်း​ကို​လည်း​ငါ​တို့​သိ ရ​ပြီ။ ငါ​တို့​သည်​မိ​မိ​လျှောက်​သွား​ရန်​လမ်း ခ​ရီး​အ​တွက် အ​လင်း​ရောင်​ကို​မျှော်​လင့်​တောင့် တ​ကြ​သော်​လည်း​မှောင်​မိုက်​အ​ရိပ်​ကို​သာ လျှင်​ရ​ရှိ​ကြ​၏။-

10. ငါ​တို့​သည်​မျက်​မ​မြင်​များ​ကဲ့​သို့​လက်​နှင့် စမ်း​၍​သွား​လာ​ရ​ကြ​၏။ မွန်း​တည့်​ချိန်​၌​ပင် ငါ​တို့​သည်​ညဥ့်​အ​ခါ​မှာ​ကဲ့​သို့ သန်​စွမ်း​သူ တို့​၏​အ​လယ်​၌ မှောင်​မိုက်​ရာ​မ​ရ​ဏာ​နိုင်​ငံ သို့​ရောက်​ရှိ​နေ​ဘိ​သ​ကဲ့​သို့​ခြေ​ချော်​၍ လဲ​ကျ​ကြ​၏။-

11. ငါ​တို့​သည်​ကြောက်​လန့်​တုန်​လှုပ်​လျက်​စိတ် သော​က​ရောက်​ရ​ကြ​၏။ မိ​မိ​တို့​ကို​မ​တ​ရား ပြု​သူ​များ​လက်​မှ​ကယ်​တော်​မူ​ရန် ဘု​ရား​သ​ခင်​အား​တမ်း​တ​ကြ​ပါ​သော်​လည်း အ​လွန် ဝေး​ကွာ​နေ​လျက်​အ​ချည်း​နှီး​ပင်​ဖြစ်​ပါ​၏။

12. ``အို ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​ရှင်​အား​ကျွန် တော်​မျိုး​တို့​ပြစ်​မှား​သည့်​အ​ပြစ်​များ​သည် များ​လှ​ပါ​၏။ ထို​အ​ပြစ်​များ​က​ကျွန်​တော် မျိုး​တို့​အား​စွဲ​ချက်​တင်​သည်​ဖြစ်​၍​ကျွန်​တော် မျိုး​တို့​သည်​မိ​မိ​တို့​၏​အ​ပြစ်​များ​ကို​ကောင်း စွာ​သိ​ရကြ​ပါ​၏။-

13. ကျွန်​တော်​မျိုး​တို့​သည်​ကိုယ်​တော်​ရှင်​ကို​ပုန်​ကန် ကြ​ပါ​၏။ ကိုယ်​တော်​ရှင်​ကို​ပစ်​ပယ်​ကာ​နောက် တော်​သို့​လိုက်​ရန်​ငြင်း​ဆန်​ခဲ့​ကြ​ပါ​၏။ ကျွန် တော်​မျိုး​တို့​သည်​သူ​တစ်​ပါး​တို့​အား​နှိပ်​စက် ညှင်း​ဆဲ​၍​ကိုယ်​တော်​ရှင်​ကို​လည်း​ပုန်​ကန်​ကြ ပါ​ပြီ။ ကျွန်​တော်​မျိုး​တို့​၏​အ​ကြံ​အ​စည် များ​သည်​မူ​မ​မှန်​ပါ။ ကျွန်​တော်​မျိုး​တို့​၏ စ​ကား​များ​သည်​လည်း​မု​သား​ဖြစ်​ပါ​၏။-

14. တ​ရား​မျှ​တ​မှု​သည်​အ​ဝေး​သို့​အ​နှင်​ခံ​ရ လျက် အ​မှန်​တ​ရား​သည်​လည်း​အ​နီး​သို့​မ​ချဉ်း ကပ်​နိုင်​ပါ။ တ​ရား​စီ​ရင်​ရာ​ဌာ​န​များ​၌​အ​မှန် တ​ရား​မ​ရှိ၊ သစ္စာ​တ​ရား​သည်​ရပ်​တည်​၍​မ နေ​နိုင်။-

15. ထို​အ​ရပ်​တွင်​ရိုး​သား​ဖြောင့်​မှန်​သူ​နည်း​ပါး လှ​သည်​ဖြစ်​၍ မ​ကောင်း​မှု​ကို​ရှောင်​ကြဉ်​သူ သည်​သူ​ရူး​ဟု​ပင်​အ​ထင်​ခံ​ရ​တတ်​ပါ​၏။''ဤ​အ​ဖြစ်​သ​နစ်​ကို​မြင်​တော်​မူ​သ​ဖြင့် ထာ​ဝ​ရ​ဘု​ရား​သည်​တ​ရား​မျှ​တ​ခြင်း ကင်း​မဲ့​မှု​ကို​နှစ်​သက်​တော်​မ​မူ။-

16. အ​နှိပ်​အ​စက်​ခံ​ရ​သူ​တို့​အား​ကယ်​မ​မည့်​သူ မ​ရှိ​သည်​ကို​လည်း​မြင်​တော်​မူ​၍​အံ့​သြ​တော် မူ​၏။ သို့​ဖြစ်​၍​ကိုယ်​တော်​သည်​သူ​တို့​အား​လက် တော်​ဖြင့်​ကယ်​တော်​မူ​၍ ကိုယ်​တော်​ရှင်​၏​ဖြောင့် မတ်​တော်​မူ​ခြင်း​အား​ဖြင့်​အောင်​ပွဲ​ခံ​တော်​မူ လိမ့်​မည်။-

ဟေ​ရှာ​ယ 59