2. ကိုယ်တော်ကြားတော်မမူခြင်းမှာသင်တို့ အပြစ်များကြောင့်ဖြစ်သည်။ သင်တို့အား ကိုယ်တော်နှင့်ကင်းကွာစေသည့်အရာမှာ လည်းသင်တို့အပြစ်များပင်ဖြစ်၏။-
3. သင်တို့သည်လိမ်လည်ကောက်ကျစ်စွာပြော ဆိုမှု၊ သင်တို့၏လက်များနှင့်လက်ချောင်း များသည် သွေးများပေကျံမှု၊ လူသတ်မှု တို့အတွက်အပြစ်ရှိကြ၏။
4. သင်တို့သည်တရားရုံးတော်သို့သွားသော် လည်း တရားမျှတမှုမရှိ၊ တရားသည့် ဘက်၌မနေကြ။ မိမိတို့အမှုနိုင်ရန် အတွက်မုသားစကားပြောဆိုလျက် အကြောင်းမဲ့ငြင်းခုံတတ်ကြ၏။
5. သင်တို့၏ဆိုးရွားသောအကြံစည်များသည် မြွေဆိုးဥများကဲ့သို့ပေါက်ပွားစေ၏။ တစ် ခုကိုဖျက်ဆီးလိုက်လျှင် မြွေဆိုးတစ်ကောင် ပေါက်လာတတ်ပါသည်တကား။ သင်တို့၏ အကြံအစည်များသည်သင်တို့ကိုအကျိုး ပေးလိမ့်မည်မဟုတ်။-
6. ယင်းတို့သည်ပင့်ကူမြှေးဖြင့်ယက်လုပ်သော အထည်ကဲ့သို့ အချည်းနှီးသာလျှင်ဖြစ်ကြ ၏။ မိမိတို့ယက်လုပ်သောအရာသည် လုံခြုံ မှုကိုမပေးနိုင်၊ ဆိုးညစ်၍အကြမ်းဖက် သောအမှုတို့ပြုလုပ်ကြ၏။-
7. သင်တို့သည်မကောင်းမှုတစ်ခုခုကိုထာဝ စဉ်ကြံစည်လျက် အပြစ်ကိုမဆိုင်းမတွ ပြုကျင့်တတ်ကြ၏။ အပြစ်မရှိသောသူ ကိုသတ်ရန်ပင်လျှင်လက်မနှေးကြ။ သင် တို့ရောက်လေရာအရပ်တိုင်း၌ဆုံးပါး ပျက်စီးမှုသာလျှင်ကျန်ရှိခဲ့တတ်၏။-