ဟေ​ရှာ​ယ 59:1-3 Common Language Bible (BCL)

1. ထာ​ဝ​ရ​ဘု​ရား​သည်​သင်​တို့​အား​မ​ကယ်​နိုင် လောက်​အောင်​အား​အင်​ချည့်​နဲ့​တော်​မူ​သည် မ​ဟုတ်။ ကူ​မ​တော်​မူ​ပါ​ဟု​သင်​တို့​ဟစ်​အော် တောင်း​လျှောက်​သံ​ကို​မ​ကြား​နိုင်​လောက်​အောင် နား​မ​လေး။-

2. ကိုယ်​တော်​ကြား​တော်​မ​မူ​ခြင်း​မှာ​သင်​တို့ အ​ပြစ်​များ​ကြောင့်​ဖြစ်​သည်။ သင်​တို့​အား ကိုယ်​တော်​နှင့်​ကင်း​ကွာ​စေ​သည့်​အ​ရာ​မှာ လည်း​သင်​တို့​အ​ပြစ်​များ​ပင်​ဖြစ်​၏။-

3. သင်​တို့​သည်​လိမ်​လည်​ကောက်​ကျစ်​စွာ​ပြော ဆို​မှု၊ သင်​တို့​၏​လက်​များ​နှင့်​လက်​ချောင်း များ​သည် သွေး​များ​ပေ​ကျံ​မှု၊ လူ​သတ်​မှု တို့​အ​တွက်​အ​ပြစ်​ရှိ​ကြ​၏။

ဟေ​ရှာ​ယ 59