7. သင်တို့သည်တောင်မြင့်ပေါ်သို့တက်၍ယဇ် ပူဇော်လျက်ကာမရာဂစပ်ယှက်ကြ၏။-
8. မိမိတို့၏ရုပ်တုများကိုအိမ်တံခါးနှင့် တံခါးတိုင်အတွင်းဘက်တွင်ကပ်၍ထား ကြ၏။ သင်တို့သည်ငါ့ကိုစွန့်ပစ်ကြ၏။ မိမိ တို့၏အဝတ်ဖုံးများကိုဖယ်ရှားပြီးလျှင် အိပ်ရာကြီးများပေါ်သို့ချစ်သူများနှင့် အတူတက်၍မိမိတို့၏ရာဂစိတ်ကို ရောင့်ရဲစေကြ၏။ သင်တို့သည်ထိုသူတို့ နှင့်အိပ်စက်ရန်အခကြေးငွေကိုလည်း ပေးရကြ၏။-
9. သင်တို့သည်ဆီမွှေးနှင့်နံ့သာများကို လိမ်းကျံလျက် မောလုပ်ဘုရားကိုဝတ်ပြု ကိုးကွယ်ရန်သွားရောက်ကြ၏။ ရပ်နီးရပ်ဝေး နှင့်မရဏာနိုင်ငံသို့တိုင်အောင်ပင် သံတမန် များစေလွှတ်၍ဘုရားများကိုရှာဖွေစေ ကြ၏။-
10. သင်တို့သည်အခြားဘုရားများကိုရှာဖွေရ သဖြင့် ပင်ပန်းနွမ်းနယ်၍လာသော်လည်းအ ဘယ်အခါ၌မျှလက်မလျော့ကြ။ မိမိတို့ ၏ရုပ်တုများထံမှခွန်အားကိုရရှိသည် ဟု ထင်မှတ်ကာသင်တို့သည်အဘယ်အခါ ၌မျှအားမလျော့ကြ။
11. ထာဝရဘုရားက``ငါ့အားလိမ်လည်ပြော ဆို၍လုံးဝမေ့လျော့၍အမှတ်မရကြ သည့်တိုင်အောင် သင်တို့ကြောက်လန့်ကြသည့် ဘုရားများကားအဘယ်သူများပေနည်း။ ငါသည်ကြာမြင့်စွာဆိတ်ဆိတ်နေခဲ့သဖြင့် သင်တို့သည်ငါ့ကိုမကြောက်တော့ဘဲရှိနေ ကြပါသလော။-
12. သင်တို့ကမိမိတို့ပြုသည့်အမှုကိုမှန်သည် ဟုထင်မှတ်ကြ၏။ သို့ရာတွင်သင်တို့၏အကျင့် ကို ငါဖွင့်ဟထုတ်ဖော်လိုက်သောအခါ သင်တို့ ၏ရုပ်တုများသည်သင်တို့အားကူမနိုင် ကြလိမ့်မည်မဟုတ်။-
13. မိမိတို့အားကူမပါရန်သင်တို့ဟစ်အော် တောင်းခံကြသောအခါ ထိုရုပ်တုများသည် သင်တို့ကိုကယ်ကြပါလေစေ။ ယင်းတို့သည် လေတစ်ချက်မှုတ်လိုက်လျှင် လွင့်စင်၍သွား ကြပေလိမ့်မည်။ သို့ရာတွင်ငါ့ကိုယုံကြည် ကိုးစားသူတို့မူကားပြည်တော်တွင်နေထိုင် ရလျက် ငါ၏သန့်ရှင်းသောဗိမာန်တော်တွင် ဝတ်ပြုကိုးကွယ်ရကြလိမ့်မည်'' ဟုမိန့် တော်မူ၏။
14. ထာဝရဘုရားက ``ငါ၏လူမျိုးတော်အား ငါ့ထံပြန်စေကြလော့။ ငါ့လူမျိုးတော်တို့ ၏လမ်းခရီးမှဆူးညှောင့်ခလုတ်ရှိသမျှ ကိုပယ်ရှားကြလော့။ လမ်းကိုဖောက်လုပ် ၍အသင့်ပြင်ကြလော့။
15. ``ငါသည်ထာဝရအသက်ရှင်သောဘုရား၊ ချီးမြှောက်ခြင်းကိုခံရ၍သန့်ရှင်းမြင့်မြတ် သောဘုရားဖြစ်တော်မူ၏။ ငါသည်သန့်ရှင်း မြင့်မြတ်ရာအထက်ဘုံတွင်စံနေတော်မူ သော်လည်းစိတ်နှလုံးကြေကွဲသူ၊ စိတ်နှိမ့်ချ သူတို့စိတ်ဝိညာဉ်ပြန်လည်လန်းဆန်းအား တက်လာကြစေရန်ထိုသူတို့ထံတွင်လည်း ကျိန်းဝပ်တော်မူ၏။-
16. ငါသည်မိမိလူမျိုးတော်အားအသက်ရှင် ခွင့်ကိုပေး၏။ သူတို့အားဆက်လက်၍ပြစ် တင်စွပ်စွဲလျက်အစဉ်အမြဲအမျက်ထွက် လျက်နေလိမ့်မည်မဟုတ်။-
17. ငါသည်သူတို့၏အပြစ်များနှင့်လောဘ လွန်ကူးမှုများအတွက်အမျက်ထွက်သဖြင့် သူတို့အားအပြစ်ဒဏ်ခတ်၍သူတို့ထံမှ လွှဲရှောင်ခဲ့၏။ သို့သော်လည်းသူတို့သည်ခေါင်း မာလျက် မိမိတို့ပြုလိုရာပင်ပြုကျင့်လျက် နေကြ၏။
18. ``သူတို့အဘယ်သို့ပြုမူကျင့်ကြံကြသည် ကိုငါမြင်ရပြီ။ သို့ရာတွင်ငါသည်သူတို့ အားကုစားမည်။ ရှေ့ဆောင်လမ်းပြ၍ကူမ မည်။ သူတို့အားငါနှစ်သိမ့်စေမည်။-
19. ဣသရေလနိုင်ငံရှိဝမ်းနည်းပူဆွေးလျက် နေသူတို့၏နှုတ်မှကျေးဇူးတော်ချီးမွမ်း ကြစေ၊ ရပ်နီးရပ်ဝေးရှိလူအပေါင်းတို့အား ငြိမ်းချမ်းသာယာမှုကိုငါပေး၏။ ငြိမ်သက် ခြင်းကိုငါပေး၏။ ငါ၏လူမျိုးတော်ကိုငါ ကုစားမည်ဟု ထာဝရဘုရားမိန့်တော်မူ၏။-