4. သင်တို့သည်အဘယ်သူကိုပျက်ရယ်ပြု၍နေ ကြပါသနည်း။ အချင်းလူလိမ်တို့၊ သင်တို့ သည်အဘယ်သူကိုပြောင်လှောင်လျက်နေ ကြပါသနည်း။-
5. မိမိတို့၏အထွဋ်အမြတ်သစ်ပင်များအောက် တွင် ကာမရာဂစပ်ယှက်ခြင်းအားဖြင့် မြေသြဇာ နတ်ဘုရားတို့ကိုကိုးကွယ်ကြ၏။ မိမိတို့၏ သားသမီးများကိုမြစ်ချောင်းဝှမ်းအနီးရှိ ကျောက်ဂူများတွင်ယဇ်ပူဇော်ကြ၏။-
6. ထိုအရပ်မှချောမွတ်သည့်ကျောက်ခဲများကို ယူ၍ သင်တို့၏ဘုရားများအဖြစ်ကိုးကွယ် ကြ၏။ သင်တို့သည်စပျစ်ရည်ကိုသွန်းလောင်း၍ ထိုဘုရားတို့ကိုပူဇော်ကြ၏။ ဘောဇဉ်သကာကို ဆက်သကြ၏။ ဤသို့သင်တို့ပြုသည်ကိုငါ နှစ်သက်တော်မူသည်ဟု သင်တို့ထင်မှတ်ကြ ပါသလော။-
7. သင်တို့သည်တောင်မြင့်ပေါ်သို့တက်၍ယဇ် ပူဇော်လျက်ကာမရာဂစပ်ယှက်ကြ၏။-
8. မိမိတို့၏ရုပ်တုများကိုအိမ်တံခါးနှင့် တံခါးတိုင်အတွင်းဘက်တွင်ကပ်၍ထား ကြ၏။ သင်တို့သည်ငါ့ကိုစွန့်ပစ်ကြ၏။ မိမိ တို့၏အဝတ်ဖုံးများကိုဖယ်ရှားပြီးလျှင် အိပ်ရာကြီးများပေါ်သို့ချစ်သူများနှင့် အတူတက်၍မိမိတို့၏ရာဂစိတ်ကို ရောင့်ရဲစေကြ၏။ သင်တို့သည်ထိုသူတို့ နှင့်အိပ်စက်ရန်အခကြေးငွေကိုလည်း ပေးရကြ၏။-
9. သင်တို့သည်ဆီမွှေးနှင့်နံ့သာများကို လိမ်းကျံလျက် မောလုပ်ဘုရားကိုဝတ်ပြု ကိုးကွယ်ရန်သွားရောက်ကြ၏။ ရပ်နီးရပ်ဝေး နှင့်မရဏာနိုင်ငံသို့တိုင်အောင်ပင် သံတမန် များစေလွှတ်၍ဘုရားများကိုရှာဖွေစေ ကြ၏။-
10. သင်တို့သည်အခြားဘုရားများကိုရှာဖွေရ သဖြင့် ပင်ပန်းနွမ်းနယ်၍လာသော်လည်းအ ဘယ်အခါ၌မျှလက်မလျော့ကြ။ မိမိတို့ ၏ရုပ်တုများထံမှခွန်အားကိုရရှိသည် ဟု ထင်မှတ်ကာသင်တို့သည်အဘယ်အခါ ၌မျှအားမလျော့ကြ။