ဟေ​ရှာ​ယ 57:1-6 Common Language Bible (BCL)

1. သူ​တော်​ကောင်း​တို့​သည်​သေ​ရ​ကြ​၏။ ထို​သူ​တို့ ယင်း​သို့​သေ​သည့်​အ​ကြောင်း​ကို​အ​ဘယ်​သူ​မျှ နား​မ​လည်​ကြ။ ဂ​ရု​လည်း​မ​စိုက်​ကြ။ သို့​ရာ တွင်​သူ​တို့​သည်​သေ​သော​အ​ခါ​အ​တိ​ဒုက္ခ ကင်း​ငြိမ်း​ရာ​အရပ်​သို့​ရောက်​ရှိ​ကြ​လေ​သည်။-

2. သူ​တော်​ကောင်း​တို့​သည်​သေ​လွန်​သော​အ​ခါ ငြိမ်း​ချမ်း​စွာ​နား​နေ​ခွင့်​ကို​ရ​ရှိ​ကြ​၏။

3. အ​ချင်း​ဆိုး​ညစ်​၍​အ​ပြစ်​ကူး​သူ​တို့၊ တ​ရား စီ​ရင်​ခြင်း​ကို​ခံ​ရန်​ဤ​အ​ရပ်​သို့​လာ​ကြ​လော့။ သင်​တို့​သည်​သူ​တစ်​ပါး​၏​အိမ်​ရာ​ကို​ပြစ်​မှား သူ​များ၊ ပြည့်​တန်​ဆာ​များ၊ စုန်း​အ​တတ်​ပ​ညာ သည်​များ​နှင့်​အ​တူ​တူ​ပင်​ဖြစ်​၏။-

4. သင်​တို့​သည်​အ​ဘယ်​သူ​ကို​ပျက်​ရယ်​ပြု​၍​နေ ကြ​ပါ​သ​နည်း။ အ​ချင်း​လူ​လိမ်​တို့၊ သင်​တို့ သည်​အ​ဘယ်​သူ​ကို​ပြောင်​လှောင်​လျက်​နေ ကြ​ပါ​သ​နည်း။-

5. မိ​မိ​တို့​၏​အ​ထွဋ်​အ​မြတ်​သစ်​ပင်​များ​အောက် တွင် ကာ​မ​ရာ​ဂ​စပ်​ယှက်​ခြင်း​အား​ဖြင့် မြေ​သြ​ဇာ နတ်​ဘု​ရား​တို့​ကို​ကိုး​ကွယ်​ကြ​၏။ မိ​မိ​တို့​၏ သား​သ​မီး​များ​ကို​မြစ်​ချောင်း​ဝှမ်း​အ​နီး​ရှိ ကျောက်​ဂူ​များ​တွင်​ယဇ်​ပူ​ဇော်​ကြ​၏။-

6. ထို​အ​ရပ်​မှ​ချော​မွတ်​သည့်​ကျောက်​ခဲ​များ​ကို ယူ​၍ သင်​တို့​၏​ဘု​ရား​များ​အ​ဖြစ်​ကိုး​ကွယ် ကြ​၏။ သင်​တို့​သည်​စ​ပျစ်​ရည်​ကို​သွန်း​လောင်း​၍ ထို​ဘု​ရား​တို့​ကို​ပူ​ဇော်​ကြ​၏။ ဘော​ဇဉ်​သကာ​ကို ဆက်​သ​ကြ​၏။ ဤ​သို့​သင်​တို့​ပြု​သည်​ကို​ငါ နှစ်​သက်​တော်​မူ​သည်​ဟု သင်​တို့​ထင်​မှတ်​ကြ ပါ​သလော။-

ဟေ​ရှာ​ယ 57