သင့်ကိုဖန်ဆင်းတော်မူသောအရှင်သည်၊သင်၏ခင်ပွန်းပမာသင့်အားကြည့်ရှုစောင့်ရှောက် တော်မူလိမ့်မည်။ထိုအရှင်၏နာမတော်ကား၊အနန္တတန်ခိုးရှင် ထာဝရဘုရားပင်ဖြစ်သတည်း။ဣသရေလအမျိုးသားတို့၏သန့်ရှင်း မြင့်မြတ်သောဘုရားသခင်သည်သင့်ကိုကယ်တင်တော်မူလိမ့်မည်။ကိုယ်တော်သည်ကမ္ဘာလောကကို အစိုးရတော်မူပါသည်တကား။