ဟေ​ရှာ​ယ 54:15-17 Common Language Bible (BCL)

15. အ​ကယ်​၍​သင့်​အား​ထိ​ပါး​တိုက်​ခိုက်​လာ​သူ တစ်​စုံ​တစ်​ယောက်​ရှိ​ပါ​မူ၊ထို​သူ​သည်​ငါ​၏​ခွင့်​ပြု​ချက်​ကို​ရ​ရှိ​လိမ့်​မည်​မ​ဟုတ်။သင့်​အား​စစ်​ပြိုင်​လာ​သူ​မှန်​သ​မျှ​သည် ကျ​ဆုံး​ရ​ကြ​လိမ့်​မည်။

16. ``မီး​ကို​မွှေး​၍​လက်​နက်​များ​ကို​ပြု​လုပ်​သူ ပန်း​ပဲ​ဆ​ရာ​ကို​ငါ​ဖန်​ဆင်း​၏။သတ်​ဖြတ်​ရန်​အ​တွက်​ထို​လက်​နက်​များ​ကို အ​သုံး​ပြု​သူ​စစ်​သူ​ရဲ​ကို​လည်း​ငါ​ဖန်​ဆင်း​၏။

17. သို့​ရာ​တွင်​အ​ဘယ်​လက်​နက်​မျှ​သင့်​အား​အ​နာ​တ​ရ ဖြစ်​စေ​နိုင်​လိမ့်​မည်​မဟုတ်။သင်​သည်​မိ​မိ​အား​ပြစ်​တင်​စွပ်​စွဲ​သူ​မှန်​သ​မျှ​ကို ပြန်​လည်​ချေ​ပ​နိုင်​လိမ့်​မည်။ငါ​သည်​မိ​မိ​၏​အ​စေ​ခံ​များ​ကာ​ကွယ်​စောင့်​ရှောက်​ရန် အောင်​ပွဲ​ကို​ပေး​တော်​မူ​မည်'' ဟု​မိန့်​တော်​မူ​၏။ဤ​ကား​ထာ​ဝ​ရ​ဘု​ရား​မြွက်​ဟ​တော်​မူ​သော စ​ကား​ပင်​ဖြစ်​သ​တည်း။

ဟေ​ရှာ​ယ 54