14. သင်သည်သူတော်ကောင်းတရားတွင်အခြေခံ သဖြင့် တည်တံ့ခိုင်မြဲလိမ့်မည်။နှိပ်စက်ညှင်းဆဲမှု၊ထိတ်လန့်တုန်လှုပ်မှုတို့နှင့် ကင်းဝေးရလိမ့်မည်။
15. အကယ်၍သင့်အားထိပါးတိုက်ခိုက်လာသူ တစ်စုံတစ်ယောက်ရှိပါမူ၊ထိုသူသည်ငါ၏ခွင့်ပြုချက်ကိုရရှိလိမ့်မည်မဟုတ်။သင့်အားစစ်ပြိုင်လာသူမှန်သမျှသည် ကျဆုံးရကြလိမ့်မည်။
16. ``မီးကိုမွှေး၍လက်နက်များကိုပြုလုပ်သူ ပန်းပဲဆရာကိုငါဖန်ဆင်း၏။သတ်ဖြတ်ရန်အတွက်ထိုလက်နက်များကို အသုံးပြုသူစစ်သူရဲကိုလည်းငါဖန်ဆင်း၏။
17. သို့ရာတွင်အဘယ်လက်နက်မျှသင့်အားအနာတရ ဖြစ်စေနိုင်လိမ့်မည်မဟုတ်။သင်သည်မိမိအားပြစ်တင်စွပ်စွဲသူမှန်သမျှကို ပြန်လည်ချေပနိုင်လိမ့်မည်။ငါသည်မိမိ၏အစေခံများကာကွယ်စောင့်ရှောက်ရန် အောင်ပွဲကိုပေးတော်မူမည်'' ဟုမိန့်တော်မူ၏။ဤကားထာဝရဘုရားမြွက်ဟတော်မူသော စကားပင်ဖြစ်သတည်း။