ဟေ​ရှာ​ယ 53:6-12 Common Language Bible (BCL)

6. ငါ​တို့​ရှိ​သ​မျှ​သည်​သိုး​များ​ကဲ့​သို့​လမ်း​လွဲ​ကာမိ​မိ​တို့​သွား​လို​ရာ​လမ်း​သို့​လိုက်​လျက်​နေ​ကြ သ​ဖြင့်၊ထာ​ဝ​ရ​ဘု​ရား​သည်​ငါ​တို့​ခံ​ယူ​ထိုက်​သည့် အ​ပြစ်​ဒဏ်​ကို​ထို​သူ​၏​အ​ပါ်​သို့​တင်​တော်​မူ​၏။

7. ``သူ​သည်​ညှဉ်း​ပန်း​နှိပ်​စက်​မှု​ကို​ခံ​ရ​သော်​လည်း သူ​သည်​စ​ကား​တစ်​ခွန်း​မျှ​မ​ပြော။သတ်​ရန်​ယူ​ဆောင်​သွား​သည့်​သိုး​သ​ငယ် ကဲ့​သို့​လည်း​ကောင်း၊အ​မွေး​ညှပ်​ခံ​ရ​အံ့​ဆဲ​ဆဲ​ဖြစ်​သော သိုး​ကဲ့​သို့​လည်း​ကောင်း၊သူ​သည်​စ​ကား​တစ်​ခွန်း​မျှ​မ​ပြော။

8. လူ​တို့​သည်​သူ့​ကို​ဖမ်း​ဆီး​ပြီး​လျှင်​သေ​ဒဏ် စီ​ရင်​ကြ​၏။ ထို​နောက်​အ​သေ​ခံ​စေ​ရန်​ထုတ်​ဆောင်​သွားကြ​၏။သို့​ရာ​တွင်​သူ​ကြုံ​တွေ့​ရ​မည့်​ကံ​ကြ​မ္မာ​ကို အ​ဘယ်​သူ​မျှ​ဂ​ရု​မ​စိုက်​ကြ။သူ​သည်​ငါ​တို့​အ​မျိုး​သား​တို့​၏​အ​ပြစ်​များ အ​တွက် သေ​ဒဏ်​စီ​ရင်​ခြင်း​ခံ​ရ​၏။

9. သူ​သည်​ရာ​ဇ​ဝတ်​မှု​တစ်​စုံ​တစ်​ရာ​ကို​မျှ ကူး​လွန်​ခဲ့​ဖူး​သည်​မ​ရှိ။မု​သား​ကို​လည်း​အ​ဘယ်​အ​ခါ​၌​မျှ​မ​သုံး စွဲ​ခဲ့။သို့​ရာ​တွင်​သူ​သည်​ငါ​တို့​အ​မျိုး​သား​တို့ ၏ အ​ပြစ်​များ​အ​တွက်​သေ​ဒဏ်​စီ​ရင်​ခြင်း​ကို ခံ​ရ​၍၊ရာ​ဇ​ဝတ်​ကောင်​များ​နှင့်​အ​တူ​သင်္ဂြိုဟ်​ခြင်း ကို​လည်း​ကောင်း၊သူ​ဌေး​သူ​ကြွယ်​များ​နှင့်​အ​တူ​မြှုပ်​နှံ​ခြင်း ကို​လည်း​ကောင်း​ခံ​ရ​လေ​သည်။''

10. ထာ​ဝ​ရ​ဘု​ရား​က၊``ထို​သူ​သည်​ငါ​၏​အ​လို​တော်​အ​ရ​ဝေ​ဒ​နာ ခံ​ရ​ခြင်း​ဖြစ်​၏။သူ​သည်​အ​ပြစ်​ဖြေ​ရာ​ယဇ်​အ​ဖြစ်​ဖြင့်​မိ​မိ​ကိုယ် ကို တင်​လှူ​ပူ​ဇော်​သည်​ဖြစ်​၍မိ​မိ​၏​သား​မြေး​အ​မြောက်​အ​မြား​ကို​တွေ့​မြင်​ခွင့် ရ​ရှိ​လိမ့်​မည်။ သူ​သည်​အ​သက်​ရှည်​လိမ့်​မည်။ငါ​၏​အ​ကြံ​အ​စည်​တော်​အောင်​မြင်​မှု​ကို​လည်း အ​ထောက်​အ​ကူ​ပြု​လိမ့်​မည်။

11. သူ​သည်​ဝေ​ဒ​နာ​ခံ​စား​နေ​ရာ​မှ​ဝမ်း​မြောက် ရွှင်​လန်း​ခွင့်​ကို​ပြန်​လည်​ရ​ရှိ​လိမ့်​မည်။မိ​မိ​ခံ​စား​ခဲ့​ရ​သည့်​ဝေ​ဒ​နာ​မှာ​အ​ချည်း​နှီး မ​ဖြစ်​ကြောင်း​ကို​လည်း​သိ​ရှိ​လာ​လိမ့်​မည်။သူ​သည်​ငါ​၏​အ​စေ​ခံ​သူ​တော်​ကောင်း​ဖြစ်​၏။လူ​အ​များ​၏​အ​ပြစ်​ဝန်​ကို​ထမ်း​ဆောင်​လျက်၊ထို​ဆောင်​ရွက်​မှု​ကြောင့်​ထို​သူ​တို့​အားအ​ပြစ်​လွှတ်​ခြင်း​အ​ခွင့်​ကို​ငါ​ပေး​မည်။

12. သို့​ဖြစ်​၍​ငါ​သည်​သူ့​အား​ကြီး​မြတ်​သူ၊ တန်​ခိုး​ကြီး သူ​များ​နှင့်​အ​တူ၊ဂုဏ်​ထူး​ဆောင်​နေ​ရာ​ကို​ပေး​အပ်​တော်​မူ​မည်။သူ​သည်​မိ​မိ​၏​အ​သက်​ကို​သဒ္ဓာ​ကြည်​ဖြူ​စွာ စွန့်​လှူ​ပြီး​လျှင်၊ရာ​ဇ​ဝတ်​ကောင်​တို့​၏​ကံ​ကြမ္မာ​ကို​ခံ​ယူ​၏။သူ​သည်​အ​ပြစ်​ကူး​သူ​များ​ကို​ကိုယ်​စား​ပြု​၍ထို​သူ​တို့​ခံ​ထိုက်​သည့်​အ​ပြစ်​ဒဏ်​ကို​ခံ​ယူ ပေ​သည်'' ဟု​မိန့်​တော်​မူ​၏။

ဟေ​ရှာ​ယ 53