5. သို့နှင့်လည်းသူသည်ငါတို့၏အပြစ်များအတွက် ထိုးနှက်သည့်ဒဏ်ရာများကိုရရှိလျက်၊ငါတို့ပြုသည်မကောင်းမှုများအတွက် ရိုက်နှက်ခြင်းကိုခံရ၏။သူသည်ယင်းသို့အပြစ်ဒဏ်ခံယူသည်ဖြစ်၍ ငါတို့သည်အပြစ်ဖြေလွှတ်ခွင့်ကိုရရှိကြ၏။သူခံရသောဒဏ်ရာဒဏ်ချက်အားဖြင့်ငါ တို့သည် အနာပျောက်ကင်းခွင့်ကိုရရှိကြ၏။
6. ငါတို့ရှိသမျှသည်သိုးများကဲ့သို့လမ်းလွဲကာမိမိတို့သွားလိုရာလမ်းသို့လိုက်လျက်နေကြ သဖြင့်၊ထာဝရဘုရားသည်ငါတို့ခံယူထိုက်သည့် အပြစ်ဒဏ်ကိုထိုသူ၏အပါ်သို့တင်တော်မူ၏။
7. ``သူသည်ညှဉ်းပန်းနှိပ်စက်မှုကိုခံရသော်လည်း သူသည်စကားတစ်ခွန်းမျှမပြော။သတ်ရန်ယူဆောင်သွားသည့်သိုးသငယ် ကဲ့သို့လည်းကောင်း၊အမွေးညှပ်ခံရအံ့ဆဲဆဲဖြစ်သော သိုးကဲ့သို့လည်းကောင်း၊သူသည်စကားတစ်ခွန်းမျှမပြော။
8. လူတို့သည်သူ့ကိုဖမ်းဆီးပြီးလျှင်သေဒဏ် စီရင်ကြ၏။ ထိုနောက်အသေခံစေရန်ထုတ်ဆောင်သွားကြ၏။သို့ရာတွင်သူကြုံတွေ့ရမည့်ကံကြမ္မာကို အဘယ်သူမျှဂရုမစိုက်ကြ။သူသည်ငါတို့အမျိုးသားတို့၏အပြစ်များ အတွက် သေဒဏ်စီရင်ခြင်းခံရ၏။