ဟေ​ရှာ​ယ 53:1-7 Common Language Bible (BCL)

1. ပြည်​သူ​တို့​က၊``ငါ​တို့​ယ​ခု​ဖော်​ပြ​သည့်​သ​တင်း​ကို​အ​ဘယ် သူ​သည် ယုံ​ကြည်​ပါ​လိမ့်​မည်​နည်း။ဤ​အ​ဖြစ်​အ​ပျက်​တွင်​ထာ​ဝ​ရ​ဘု​ရား​၏လက်​ရာ​တော်​ကို​အ​ဘယ်​သူ​တွေ့​မြင်​နိုင် ပါ​လိမ့်​မည်​နည်း။

2. ထာ​ဝ​ရ​ဘု​ရား​သည်​မိ​မိ​၏​အ​စေ​ခံ​အားသွေ့​ခြောက်​သည့်​မြေ​တွင်​အ​မြစ်​စွဲ​သည့် အ​ပင်​ငယ်​ကဲ့​သို့​ရှင်​သန်​စေ​ရန်​အ​လို​တော် ရှိ​ပါ​၏။ထို​သူ​၌​ပ​မာ​ဏ​ပြု​လောက်​သည့်​ဂုဏ်​အ​သ​ရေ​နှင့် အ​ဆင်း​သဏ္ဌာန်​လည်း​မ​ရှိ။ချစ်​ခင်​နှစ်​လို​ဖွယ်​ကောင်း​သည့်​ရုပ်​ရည်​လည်း​မ​ရှိ။မိ​မိ​ဘက်​သို့​ပါ​အောင်​ဆွဲ​ဆောင်​နိုင်​စွမ်း​လည်း​မ​ရှိ။

3. ငါ​တို့​သည်​သူ့​အား​စက်​ဆုတ်​ရွံ​ရှာ​၍​ပစ်​ပယ် ထား​ကြ​၏။သူ​သည်​ဆင်း​ရဲ​ဒုက္ခ​နှင့်​ဝေ​ဒ​နာ​ကို​ခံ​ရ​၏။သူ့​ကို​လှည့်​၍​ပင်​ကြည့်​မည့်​သူ​တစ်​ဦး တစ်​ယောက်​မျှ​မ​ရှိ။ငါ​တို့​သည်​သူ့​အား​တန်​ဖိုး​မဲ့​သူ​အ​လား လျစ်​လူ​ရှု​၍​ထား​ကြ​၏။

4. ``သို့​ရာ​တွင်​သူ​သည်​ငါ​တို့​ခံ​ထိုက်​သည့်​ဆင်း​ရဲ ဒုက္ခ​ကို​လည်း​ကောင်း၊ငါ​တို့​ခံ​ရ​မည့်​ဝေ​ဒ​နာ​ကို​လည်း​ကောင်း​ခံ​ပေ​သည်။ယင်း​သို့​သူ​ခံ​စား​လျက်​နေ​ရ​သည့်​ဒုက္ခ​ဝေ​ဒ​နာ ကို​ပင်​လျှင်၊သူ့​အား​ထာ​ဝ​ရ​ဘု​ရား​ပေး​အပ်​သည့် အ​ပြစ်​ဒဏ်​ဟု​ငါ​တို့​ထင်​မှတ်​ကြ​၏။

5. သို့​နှင့်​လည်း​သူ​သည်​ငါ​တို့​၏​အ​ပြစ်​များ​အ​တွက် ထိုး​နှက်​သည့်​ဒဏ်​ရာ​များ​ကို​ရ​ရှိ​လျက်၊ငါ​တို့​ပြု​သည်​မ​ကောင်း​မှု​များ​အ​တွက် ရိုက်​နှက်​ခြင်း​ကို​ခံ​ရ​၏။သူ​သည်​ယင်း​သို့​အ​ပြစ်​ဒဏ်​ခံ​ယူ​သည်​ဖြစ်​၍ ငါ​တို့​သည်​အ​ပြစ်​ဖြေ​လွှတ်​ခွင့်​ကို​ရ​ရှိ​ကြ​၏။သူ​ခံ​ရ​သော​ဒဏ်​ရာ​ဒဏ်​ချက်​အား​ဖြင့်​ငါ တို့​သည် အ​နာ​ပျောက်​ကင်း​ခွင့်​ကို​ရ​ရှိ​ကြ​၏။

6. ငါ​တို့​ရှိ​သ​မျှ​သည်​သိုး​များ​ကဲ့​သို့​လမ်း​လွဲ​ကာမိ​မိ​တို့​သွား​လို​ရာ​လမ်း​သို့​လိုက်​လျက်​နေ​ကြ သ​ဖြင့်၊ထာ​ဝ​ရ​ဘု​ရား​သည်​ငါ​တို့​ခံ​ယူ​ထိုက်​သည့် အ​ပြစ်​ဒဏ်​ကို​ထို​သူ​၏​အ​ပါ်​သို့​တင်​တော်​မူ​၏။

7. ``သူ​သည်​ညှဉ်း​ပန်း​နှိပ်​စက်​မှု​ကို​ခံ​ရ​သော်​လည်း သူ​သည်​စ​ကား​တစ်​ခွန်း​မျှ​မ​ပြော။သတ်​ရန်​ယူ​ဆောင်​သွား​သည့်​သိုး​သ​ငယ် ကဲ့​သို့​လည်း​ကောင်း၊အ​မွေး​ညှပ်​ခံ​ရ​အံ့​ဆဲ​ဆဲ​ဖြစ်​သော သိုး​ကဲ့​သို့​လည်း​ကောင်း၊သူ​သည်​စ​ကား​တစ်​ခွန်း​မျှ​မ​ပြော။

ဟေ​ရှာ​ယ 53