ငါသည်လျင်မြန်စွာလာ၍သူတို့အားကယ်တင်မည်။ငါအောင်ပွဲခံရန်အချိန်သည်နီးကပ်၍လာလေပြီ။လူမျိုးတကာတို့အားငါကိုယ်တိုင်ပင် အုပ်စိုးတော်မူမည်။နိုင်ငံရပ်ခြားတိုင်းတစ်ပါးသားတို့သည် ငါလာမည်ကိုစောင့်မျှော်လျက်ရှိ၏။မိမိတို့အားကယ်တင်လိမ့်မည်ဟူသောမျှော်လင့်ချက်ဖြင့်၊သူတို့သည်ငါ့ကို စောင့်မျှော်လျက်နေကြ၏။