ဟေ​ရှာ​ယ 51:11-13 Common Language Bible (BCL)

11. ကိုယ်​တော်​ရှင်​ကယ်​ဆယ်​တော်​မူ​လိုက်​သည့်သူ​တို့​သည်​အား​ရ​ရွှင်​လန်း​စွာ​သီ​ဆို​ကြွေး ကြော်​လျက်၊ ယေ​ရု​ရှ​လင်​မြို့​သို့​ရောက်​ရှိ​လာ​ကြ​ပါ​လိမ့်​မည်။သူ​တို့​သည်​ထာ​ဝ​စဉ်​ဝမ်း​မြောက်​ရွှင်​လန်း​ရ​ကြ​၍၊ထာ​ဝ​စဉ်​ဝမ်း​နည်း​ကြေ​ကွဲ​မှု​နှင့်​ကင်း​လွတ်​ရ​ကြ ပါ​လိမ့်​မည်။

12. ထာ​ဝ​ရ​ဘု​ရား​က၊``သင်​တို့​ကို​ခွန်​အား​ဖြင့်​ပြည့်​ဝ​စေ​သူ​မှာ​ငါ​ပင် ဖြစ်​၏။မြက်​ပင်​တ​မျှ​သာ​အ​သက်​ရှည်​သူသေ​မျိုး​လူ​သား​အား၊သင်​တို့​သည်​အ​ဘယ်​ကြောင့် ကြောက်​လန့်​ရ​ပါ​မည်​နည်း။

13. မိုး​ကောင်း​ကင်​ကို​ဖြန့်​ကြက်​၍​ကမ္ဘာ​မြေ​ကြီး​ကို အုတ်​မြစ်​ချ​ကာ၊သင်​တို့​ကို​ဖန်​ဆင်း​တော်​မူ​သော​ထာ​ဝ​ရ​ဘု​ရား​အား၊ သင်​တို့​သည်​မေ့​လျော့​ကြ​လေ​ပြီ​လော။သင်​တို့​ကို​နှိပ်​စက်​ညှဉ်း​ဆဲ​သူ​များ၊သင်​တို့​ကို သုတ်​သင် ဖျက်​ဆီး​ပစ်​ရန်​အ​သင့်​ရှိ​သူ​များ​အား၊အ​ဘယ်​ကြောင့်​သင်​တို့​သည်​အ​စဉ်​အမြဲ​ကြောက်​၍ နေ​ရ​ကြ​ပါ​မည်​နည်း။သူ​တို့​၏​အ​မျက်​ဒေါ​သ​သည်​သင်​တို့​အား အ​ဘယ်​အ​ခါ​၌​မျှ​ဘေး​ဥ​ပဒ်​မ​ဖြစ်​စေ​နိုင်။

ဟေ​ရှာ​ယ 51