ဟေ​ရှာ​ယ 5:4-17 Common Language Bible (BCL)

4. ထို​ဥ​ယျာဉ်​ကို​ပြု​စု​ရာ​တွင်​ငါ့​မှာ​အ​ဘယ် လစ်​ဟင်း​မှု​ရှိ​ပါ​သ​နည်း။ သို့​ပါ​လျက်​စ​ပျစ် ပင်​များ​သည် အ​ဘယ်​ကြောင့်​ငါ​မျှော်​လင့်​သည့် အ​တိုင်း​စ​ပျစ်​သီး​ကောင်း​များ​အ​စား​စ​ပျစ် သီး​ချဉ်​များ​ကို​သီး​ရ​ပါ​သ​နည်း။

5. ``ငါ​သည်​ထို​စ​ပျစ်​ဥ​ယျာဉ်​ကို​ဤ​သို့​ပြု​မည်။ ယင်း​၏​ခြံ​စည်း​ရိုး​ကို​ဖယ်​ရှား​ပစ်​ပြီး​လျှင် အုတ်​ရိုး​ကို​လည်း​ဖြို​ချ​ကာ​တော​တိ​ရစ္ဆာန် များ​အား​စား​သောက်​နင်း​ချေ​စေ​မည်။-

6. ငါ​သည်​ထို​စ​ပျစ်​ဥ​ယျာဉ်​ကို​ပေါင်း​ပင်​များ နှင့်​ပြည့်​နှက်​နေ​စေ​မည်။ စ​ပျစ်​ခက်​တို့​ကို​ရှင်း လင်း​၍​မြေ​ကို​တူး​ဆွ​၍​ပေး​လိမ့်​မည်​မ​ဟုတ်။ ဆူး​ပင်​အ​မျိုး​မျိုး​ကို​ပေါက်​စေ​မည်။ ထို​ဥ​ယျာဉ် အ​ပေါ်​သို့​မိုး​မ​ရွာ​စေ​ရန် မိုး​တိမ်​များ​ကို​ပင် ငါ​ပိတ်​ပင်​ဆီး​တား​မည်'' ဟု​မြွက်​ဆို​၏။

7. ဣ​သ​ရေ​လ​ပြည်​သည်​အ​နန္တ​တန်​ခိုး​ရှင် ထာ​ဝ​ရ​ဘု​ရား​၏​ဥ​ယျာဉ်​ဖြစ်​၏။ယု​ဒ​ပြည်​သူ​တို့​မှာ​ကိုယ်​တော်​စိုက်​ပျိုး​သည့် စ​ပျစ်​ပင်​များ​ဖြစ်​ကြ​၏။သူ​တို့​သည်​သု​စ​ရိုက်​ကို​ပြု​လိမ့်​မည်​ဟု ကိုယ်​တော်​မျှော်​လင့်​တော်​မူ​ခဲ့​၏။သို့​ရာ​တွင်​သူ​တို့​က​လူ​သတ်​မှု​ကို ကူး​လွန်​ကြ​လေ​သည်။သူ​တို့​သည်​ဖြောင့်​မှန်​ရာ​ကို​ပြု​လိမ့်​မည်​ဟု ကိုယ်​တော်​မျှော်​လင့်​တော်​မူ​ခဲ့​၏။သို့​ရာ​တွင်​သူ​တို့​၏​အ​နှိပ်​အ​စက်​ခံ​ရ​ကြ သူ​တို့​သည်တ​ရား​မျှ​တ​မှု​ရ​ရှိ​ရန်​အော်​ဟစ်​လျက် နေ​ကြ​လေ​သည်။

8. သင်​တို့​သည်​အမင်္ဂ​လာ​ရှိ​ကြ​၏။ မိ​မိ​တို့​တွင် ရှိ​ပြီး​အိမ်​များ၊ လယ်​ယာ​များ​ကို​အ​ရေ​အ​တွက် တိုး​ပွား​အောင်​ပြု​ကြ​သူ​တို့။ မ​ကြာ​မီ​ပင် အ​ခြား​သူ​များ​အ​တွက် နေ​ရာ​ထိုင်​ခင်း​ကျန် ရှိ​တော့​မည်​မ​ဟုတ်။ သင်​တို့​ချည်း​သာ​လျှင် ပြည်​တော်​တွင်​နေ​ထိုင်​ရ​ကြ​ပေ​တော့​အံ့။-

9. အ​နန္တ​တန်ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား​က``ဤ​ကြီး ကျယ်​လှ​ပ​သည့်​အိမ်​များ​သည်​လူ​သူ​မ​ရှိ သည့်​အိမ်​ပျက်​များ​ဖြစ်​ရ​ကြ​လိမ့်​မည်။-

10. ငါး​ဧ​က​ရှိ​သည့်​စ​ပျစ်​ခြံ​မှ​စ​ပျစ်​ရည် သည် တစ်​ဂါ​လံ​မျှ​သာ​ရ​ရှိ​လိမ့်​မည်။ မျိုး စေ့​ဆယ်​တင်း​ကြဲ​သော်​လည်း​တစ်​တင်း သာ​လျှင်​ပြန်​လည်​ရ​ရှိ​လိမ့်​မည်။''

11. သင်​တို့​သည်​အ​မင်္ဂ​လာ​ရှိ​ကြ​၏။ သင်​တို့​သည် သေ​ရည်​သေ​ရက်​သောက်​ရန် စော​စော​ထ​၍ ည နေ​ချိန်​၌​လည်း​ကြာ​မြင့်​စွာ​မူး​ယစ်​၍​နေ တတ်​ကြ​၏။-

12. သင်​တို့​၏​ပွဲ​လမ်း​သ​ဘင်​များ​တွင်​စောင်း​များ၊ ပတ်​သာ​များ၊ ပ​လွေ​များ​နှင့်​စ​ပျစ်​ရည်​ပါ တတ်​၏။ သို့​ရာ​တွင်​ထာ​ဝ​ရ​ဘု​ရား​အ​ဘယ် သို့​ပြု​တော်​မူ​လျက်​နေ​သည်​ကို သင်​တို့​မ​သိ ကြ။-

13. ထို့​ကြောင့်​သင်​တို့​သည်​သုံ့​ပန်း​များ​အ​ဖြစ် ဖြင့်​ဖမ်း​ဆီး​ခေါ်​ဆောင်​သွား​ခြင်း​ကို​ခံ​ရ ကြ​လိမ့်​မည်။ သင်​တို့​၏​ခေါင်း​ဆောင်​များ​သည် အ​စာ​ငတ်​၍​သေ​ဆုံး​ကြ​လိမ့်​မည်။ လူ​အ​ပေါင်း တို့​သည်​ရေ​ငတ်​ကြ​လိမ့်​မည်။-

14. မ​ရ​ဏ​နိုင်​ငံ​သည်​သူ​တို့​အား​ဝါး​မျို​လို သ​ဖြင့် မိ​မိ​၏​ပါး​စပ်​ကို​ကျယ်​စွာ​ဟ​လျက် နေ​၏။ ယေ​ရု​ရှ​လင်​မြို့​မှ​မှူး​မတ်​များ​ကို​လည်း ယောက်​ယက်​ခတ်​ဆူ​ညံ​နေ​သော​ဆင်း​ရဲ​သား လူ​အုပ်​ကြီး​နှင့်​အ​တူ​မျို​ချ​လိုက်​လေ​သည်။

15. လူ​တိုင်း​ပင်​အ​ရှက်​ကွဲ​၍​မာန်​မာ​န​ကြီး​သူ မှန်​သ​မျှ​တို့​သည်​လည်း ရှုတ်​ချ​ခြင်း​ကို​ခံ​ရ ကြ​လိမ့်​မည်။-

16. သို့​ရာ​တွင်​အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား သည်​ဖြောင့်​မှန်​စွာ​ပြု​တော်​မူ​ခြင်း​အား​ဖြင့် မိ​မိ​၏​ကြီး​မြတ်​မှု​ကို​ဖော်​ပြ​တော်​မူ​လိမ့် မည်။ မိ​မိ​၏​သန့်​ရှင်း​မြင့်​မြတ်​မှု​ကို​ထင်​ရှား စေ​တော်​မူ​လိမ့်​မည်။-

17. ပျက်​စီး​ယို​ယွင်း​နေ​သော​မြို့​များ​တွင်​သိုး​ငယ် တို့​သည်​မြက်​များ​ကို​စား​လျက်၊ ဆိတ်​ငယ်​တို့ သည်​လည်း​စား​ကျက်​များ​ကို​တွေ့​ရှိ​ကြ​လိမ့် မည်။

ဟေ​ရှာ​ယ 5