သူသည်မြေကိုတူးဆွ၍ကျောက်ခဲများကို ဖယ်ရှားပစ်ကာ၊မျိုးကောင်းမျိုးသန့်စပျစ်ပင်များကိုစိုက်၏။သူသည်ထိုအပင်တို့စောင့်ကြပ်ကြည့်ရှုရန် လင့်စင်တစ်ခုကိုတည်ဆောက်၏။စပျစ်သီးနယ်ရန်ကျင်းတစ်ခုကိုလည်း တူး၏။သူသည်စပျစ်သီးမှည့်ချိန်ကိုစောင့်ဆိုင်းလျက် နေ၏။သို့ရာတွင်စပျစ်သီးမှန်သမျှသည်ချဉ်၍ နေတော့၏။