ဟေ​ရှာ​ယ 5:16-30 Common Language Bible (BCL)

16. သို့​ရာ​တွင်​အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား သည်​ဖြောင့်​မှန်​စွာ​ပြု​တော်​မူ​ခြင်း​အား​ဖြင့် မိ​မိ​၏​ကြီး​မြတ်​မှု​ကို​ဖော်​ပြ​တော်​မူ​လိမ့် မည်။ မိ​မိ​၏​သန့်​ရှင်း​မြင့်​မြတ်​မှု​ကို​ထင်​ရှား စေ​တော်​မူ​လိမ့်​မည်။-

17. ပျက်​စီး​ယို​ယွင်း​နေ​သော​မြို့​များ​တွင်​သိုး​ငယ် တို့​သည်​မြက်​များ​ကို​စား​လျက်၊ ဆိတ်​ငယ်​တို့ သည်​လည်း​စား​ကျက်​များ​ကို​တွေ့​ရှိ​ကြ​လိမ့် မည်။

18. သင်​တို့​သည်​အမင်္ဂ​လာ​ရှိ​ကြ​၏။ မိ​မိ​တို့​အ​ပြစ် များ​၏​အ​နှောင်​အ​ဖွဲ့​မှ​သင်​တို့​မ​ရုန်း​မ​ထွက် နိုင်​ကြ။-

19. သင်​တို့​က၊``ငါ​တို့​တွေ့​မြင်​ရကြ​စေ​ရန်​ထာ​ဝ​ရ ဘု​ရား​သည် မိ​မိ​မိန့်​တော်​မူ​သည့်​အ​တိုင်း​အ​လျင် အ​မြန်​ပြု​တော်​မူ​ပါ​စေ​သော။ ဣ​သ​ရေ​လ​အ​မျိုး သား​တို့​၏​သန့်​ရှင်း​မြင့်​မြတ်​တော်​မူ​သည့်​ဘု​ရား​သ​ခင်​သည် မိ​မိ​၏​အ​ကြံ​အ​စည်​တော်​တို့​ကို အ​ကောင်​အ​ထည်​ဖော်​တော်​မူ​ပါ​စေ​သော။ ကိုယ်​တော်​၏​အ​ကြံ​အ​စည်​တော်​ကို​ငါ တို့​ကြည့်​ကြ​ကုန်​အံ့'' ဟု​ဆို​ချေ​သည်။

20. သင်​တို့​သည်​အ​မင်္ဂ​လာ​ရှိ​ကြ​၏။ အ​ကောင်း ကို​အ​ဆိုး၊ အ​ဆိုး​ကို​အ​ကောင်း​ဟု​သင်​တို့ ခေါ်​ဆို​တတ်​ကြ​၏။ အ​မှောင်​ကို​အ​လင်း အ​ဖြစ်​သို့၊ အ​လင်း​ကို​အ​မှောင်​အ​ဖြစ်​သို့ ပြောင်း​လဲ​တတ်​ကြ​၏။ သင်​တို့​က​အ​ချို​ကို အ​ခါး၊ အ​ခါး​ကို​အ​ချို​ဖြစ်​စေ​တတ်​ကြ​၏။

21. သင်​တို့​သည်​အ​မင်္ဂ​လာ​ရှိ​ကြ​၏။ မိ​မိ​တို့ ကိုယ်​ကို​အ​လွန်​ပညာ​ရှိ​သည်။ တတ်​သိ​လိမ္မာ သည်​ဟု​ထင်​မှတ်​တတ်​ကြ​၏။

22. သင်​တို့​သည်​အမင်္ဂ​လာ​ရှိ​ကြ​၏။ အ​ချင်း​အ​ရက် ပု​လင်း​သူ​ရဲ​ကောင်း​တို့၊ သင်​တို့​သည်​အ​ရက် ရော​စပ်​မှု​တွင်​သတ္တိ​ကောင်း​၍​ကြောက်​စိတ်​ကင်း ကြ​ပါ​သည်​တ​ကား။-

23. သို့​ရာ​တွင်​သင်​တို့​သည်​တံ​စိုး​လက်​ဆောင်​ရ ခဲ့​သော် အ​ပြစ်​ရှိ​သူ​တို့​ကို​အ​ပြစ်​မ​ပေး​ဘဲ လွှတ်​ပစ်​ကာ၊ အ​ပြစ်​မဲ့​သူ​တို့​ကို​မူ​တ​ရား မျှ​တ​စွာ​စီ​ရင်​ဆုံး​ဖြတ်​၍​မ​ပေး​ကြ။-

24. ထို့​ကြောင့်​ကောက်​ရိုး​နှင့်​မြက်​ခြောက်​တို့​သည် မီး လျှံ​တွင်​တွန့်​လိမ်​လောင်​ကျွမ်း​သွား​သ​ကဲ့​သို့၊ သင်​တို့​၏​အ​မြစ်​များ​သည်​ဆွေး​မြေ့​လျက် အ​ပွင့်​များ​သည်​လည်း​ခြောက်​သွေ့​လွင့်​စင်​လျက် သွား​လိမ့်​မည်။ အ​ဘယ်​ကြောင့်​ဆို​သော်​သင်​တို့ သည်​ငါ​တို့​အား ဣ​သ​ရေ​လ​အ​မျိုး​သား​တို့ ၏​သန့်​ရှင်း​မြင့်​မြတ်​တော်​မူ​သော​အ​နန္တ​တန်​ခိုး ရှင်​ထာ​ဝ​ရ​ဘု​ရား​ဟော​ပြော​သွန်​သင်​တော်​မူ သည့်​တ​ရား​တော်​ကို​ပစ်​ပယ်​ကြ​သော​ကြောင့် ဖြစ်​၏။-

25. ထာ​ဝ​ရ​ဘု​ရား​သည်​မိ​မိ​၏​လူ​မျိုး​တော် အား​အ​မျက်​ထွက်​တော်​မူ​၍ အ​ပြစ်​ဒဏ်​ခတ် တော်​မူ​ရန်​လက်​တော်​ကို​ဆန့်​တော်​မူ​သ​ဖြင့် တောင်​တို့​သည်​တုန်​လှုပ်​ကြ​လိမ့်​မည်။ သေ​သော သူ​တို့​၏​အ​လောင်း​များ​သည်​လမ်း​များ​ပေါ် တွင်​အ​မှိုက်​သ​ရိုက်​ကဲ့​သို့​ကျန်​ရစ်​လိမ့်​မည်။ ထို​အ​ခါ​၌​ပင်​ထာ​ဝ​ရ​ဘု​ရား​၏​အ​မျက် တော်​သည်​ပြေ​ငြိမ်း​လိမ့်​မည်​မ​ဟုတ်။ ကိုယ်​တော် သည်​အ​ပြစ်​ဒဏ်​ခတ်​တော်​မူ​ရန် လက်​တော်​ကို ဆန့်​လျက်​ပင်​ထား​ရှိ​လိမ့်​ဦး​မည်။

26. ထာ​ဝ​ရ​ဘု​ရား​သည်​အ​ချက်​ပြ​၍​ရပ်​ဝေး နေ​လူ​မျိုး​ခြား​တို့​အား​ခေါ်​ယူ​တော်​မူ​လိမ့် မည်။ ကိုယ်​တော်​သည်​သူ​တို့​အား​ကမ္ဘာ​မြေ​ကြီး စွန်း​မှ​လာ​ရောက်​ကြ​ရန်​လေ​ချွန်​သံ​ဖြင့် အ​ချက်​ပေး​တော်​မူ​လိမ့်​မည်။ ထို​သူ​တို့​သည် လည်း​ဤ​အ​ရပ်​သို့​အ​လျင်​အ​မြန်​လာ ရောက်​ကြ​လိမ့်​မည်။-

27. သူ​တို့​တွင်​မော​ပန်း​သူ၊ ခြေ​ချော်​သူ​ဟူ​၍ မ​ရှိ။ ငိုက်​မြည်း​သူ၊ အိပ်​ပျော်​သူ​လည်း​မ​ရှိ။ သူ​တို့​၏​ခါး​စည်း​များ​သည်​မ​ပြေ။ ဖိ​နပ် ကြိုး​များ​သည်​လည်း​မ​ပြတ်။-

28. သူ​တို့​၏​မြား​များ​သည်​ထက်​လျက်၊ လေး​တို့ သည်​လည်း​တင်​ရန်​အ​သင့်​ရှိ​ကြ​၏။ သူ​တို့ ၏​မြင်း​ခွာ​များ​သည်​မီး​ခတ်​ကျောက်​ကဲ့​သို့ မာ​၍​ရ​ထား​ဘီး​များ​သည်​လည်း​လေ​ဗွေ ကဲ့​သို့​လျင်​မြန်​စွာ​လည်​ကြ​၏။-

29. သူ​တို့​၏​ကြွေး​ကြော်​သံ​သည်​သား​ကောင်​လိုက် သတ်​ဆွဲ​ယူ​ကာ မိ​မိ​တို့​လက်​မှ​အ​ဘယ်​သူ​မျှ လု​မ​ယူ​နိုင်​စေ​ရန်​မာန်​ဖီ​တတ်​သည့်​ခြင်္သေ့​တို့ ၏​ဟောက်​သံ​နှင့်​တူ​၏။

30. ထို​ကာ​လ​၌​သူ​တို့​သည်​ပင်​လယ်​မြည်​ဟည်း​သံ ကဲ့​သို့ ကျယ်​စွာ​ဣ​သ​ရေ​လ​ပြည်​တွင်​ကြွေး​ကြော် ကြ​လိမ့်​မည်။ ထို​ပြည်​ကို​ကြည့်​ရှု​ကြ​လော့။ ယင်း သည်​မှောင်​အ​တိ၊ ဆင်း​ရဲ​ဒုက္ခ​အ​တိ​ဖြစ်​၍​နေ​လိမ့် မည်။ အ​လင်း​ကား​အ​မှောင်​တွင်​ကွယ်​ပျောက် သွား​လေ​တော့​သ​တည်း။

ဟေ​ရှာ​ယ 5