ဟေ​ရှာ​ယ 48:6-10 Common Language Bible (BCL)

6. ``ငါ​သည်​ကြို​တင်​ဟော​ကြား​ခဲ့​သ​မျှ​သော အ​မှု​တို့​သည်​ယ​ခု​ဖြစ်​ပျက်​ကြ​လေ​ပြီ။ငါ​၏​ဟော​ကြား​ချက်​များ​မှန်​လျက်​နေ​သည်​ကို သင်​တို့​ဝန်​ခံ​ကြ​ရ​ပေ​မည်။ယ​ခု​ငါ​သည်​နောင်​အ​ခါ​၌​ဖြစ်​ပျက်​မည့် အ​မှု​အ​ရာ​သစ်​များ၊ယ​ခင်​အ​ခါ​က​မ​ဖော်​ပြ​ခဲ့​ဘူး​သည့် အ​မှု​အ​ရာ​များ​ကို​သင်​တို့​အား​ဖော်​ပြ​ပါ​အံ့။

7. ယ​ခု​မှ​သာ​လျှင်​ငါ​သည်​ထို​အ​မှု​တို့​ကို ဖြစ်​ပျက်​စေ​မည်။ယင်း​သို့​သော​အ​မှု​များ​သည်​ယ​ခင်​က မ​ဖြစ်​မ​ပျက်​ခဲ့​ဘူး​ကြ။အ​ကယ်​၍​ဖြစ်​ပျက်​ခဲ့​သည်​ဆို​ပါ​မူ၊ထို​အ​ရာ​တို့​၏​အ​ကြောင်း​ကို​ငါ​တို့​သိ​ရှိ​ပြီး ဟု သင်​တို့​ဆို​ကြ​လိမ့်​မည်။

8. သင်​တို့​အား​ယုံ​ကြည်​စိတ်​ချ​၍ မ​ရ​ကြောင်း​ကို​လည်း​ကောင်း၊သင်​တို့​သည်​မွေး​ဖွား​လာ​ချိန်​မှ​ပင်​အ​စ​ပြု​၍သူ​ပုန်​များ​ဟု​အ​ခေါ်​ခံ​ရ​ကြ​သည်​ကို​လည်း ကောင်း ငါ​သိ​၏။ထို့​ကြောင့်​ဤ​အ​မှု​အ​ရာ​များ​အ​ကြောင်း​ကိုသင်​တို့​သည်​အ​ဘယ်​အ​ခါ​က​မျှ​မ​ကြား​ခဲ့ နား​မ​လည်​ခဲ့။ယ​ခင်​က​တည်း​က​သင်​တို့​သည်​လည်း​နား​မ​ပွင့်။

9. ``ငါ​၏​နာ​မ​တော်​ကို​လူ​တို့​ထော​မ​နာ​ပြု​ကြ​စေ​ရန်၊ ငါ​သည်​မိ​မိ​၏​အ​မျက်​ကို​ထိန်း​ချုပ်​၍​ထား​မည်။မိ​မိ​ဒေါ​သ​ကို​ချုပ်​တည်း​၍​သင်​တို့​အား ဖျက်​ဆီး​သုတ်​သင်​မှု​ကို​မ​ပြု​ဘဲ​နေ​မည်။

10. ငွေ​ကို​မီး​ဖို​တွင်​ထည့်​၍​ချွတ်​သ​ကဲ့​သို့ငါ​သည်​သင်​တို့​အား​ဆင်း​ရဲ​ဒုက္ခ​မီး​ဖြင့် စုံ​စမ်း​စစ်​ဆေး​ပြီး​ဖြစ်​၏။

ဟေ​ရှာ​ယ 48