1. အချင်းယုဒမှဆင်းသက်လာသူ၊ဣသရေလအမျိုးသားတို့၊ဤစကားကိုနားထောင်ကြလော့။သင်တို့သည်ထာဝရဘုရား၏နာမတော်ကို တိုင်တည်ကျိန်ဆိုကာ၊ဣသရေလအမျိုးသားတို့၏ဘုရားသခင်ကို ဝတ်ပြုကိုးကွယ်ပါသည်ဟုဆိုသော်လည်းသင်တို့၏စကားများသည်တစ်ခွန်းမျှမမှန်။
2. သို့ပါလျက်သင်တို့သည်မိမိတို့ကိုယ်ကိုသန့်ရှင်း မြင့်မြတ်သည့်မြို့တော်သားများဟူ၍လည်းကောင်း၊အနန္တတန်ခိုးရှင်ထာဝရဘုရားဟုနာမည် တွင်သောဣသရေလအမျိုးသားတို့၏ဘုရားသခင်ကို မှီခိုအားကိုးသူများဟူ၍လည်းကောင်း ဂုဏ်ယူပြောဆိုကြပေသည်။
3. ဣသရေလအမျိုးသားတို့အားထာဝရ ဘုရားက၊``ရှေးအခါက၊ငါသည်ဖြစ်ပျက်မည့်အမှု အရာကို ကြိုတင်ဟောကြားခဲ့၏။ထိုနောက်ထိုအရာကိုရုတ်တရက်ဖြစ်ပေါ် လာစေ၏။
4. သင်တို့သည်သံကဲ့သို့တင်းမာလျက်၊ကြေးဝါကဲ့သို့မာကြောလျက်၊ခေါင်းမာ နေကြလိမ့်မည်ကိုငါသိ၏။
5. ငါသည်အမှုအရာများမဖြစ်ပျက်မီက ပင်လျှင်ကြိုတင်၍၊သင်တို့၏အနာဂတ်ကို ဟောကြားခဲ့ပေသည်။ယင်းသို့ပြုရခြင်းမှာဤအမှုအရာများကိုသင်တို့လုပ်သည့်ရုပ်တုများကဖြစ်ပေါ်စေသည်ဟု သင်တို့မပြောမဆိုနိုင်ကြစေရန်ပင်ဖြစ်၏။