ဟေ​ရှာ​ယ 47:1-4 Common Language Bible (BCL)

1. ``အို ဗာ​ဗု​လုန်​မြို့​တည်း​ဟူ​သော​အ​မျိုး​သ​မီး၊သင်​သည်​ရာ​ဇ​ပလ္လင်​ပေါ်​မှ​ဆင်း​၍ မြေ​ကြီး​ပေါ်​တွင်​ထိုင်​လော့။အ​ခါ​တစ်​ပါး​က​သင်​သည်​အ​နှောင့်​အ​ယှက် မ​ခံ​ရ​ဘူး​သည့်​အ​ပျို​စင်​ဖြစ်​ခဲ့​၏။သို့​ရာ​တွင်​ယ​ခု​သင်​သည်​ပျော့​ပျောင်း​သိမ်​မွေ့​သူ မ​ဟုတ်​တော့​ပေ။သင်​သည်​ယ​ခု​ကျွန်​ဘ​ဝ​ရောက်​ခဲ့​ပေ​ပြီ။

2. သင်​သည်​ကျိတ်​ဆုံ​ကျောက်​ကို​လှည့်​၍ ဂျုံ​မှုန့်​ကို​ကျိတ်​ပါ​လော့။သင်​၏​မျက်​နှာ​ဖုံး​ပ​ဝါ​ကို​ဖယ်​ရှား​၍​လှ​ပ​သော အ​ဝတ်​တို့​ကို​ချွတ်​လော့။ချောင်း​ကို​ဖြတ်​ကျော်​ရန်​သင်​၏​အင်္ကျီ​ရှည်​ကို​မ​လော့။

3. သင်​သည်​ရှုတ်​ချ​ခြင်း​ကို​ခံ​ရ​ကာ​အ​ရှက်​ကွဲ လျက်အ​ဝတ်​အ​ချည်း​စည်း​ဖြစ်​၍​နေ​သည်​ကို လူ​တို့​တွေ့​မြင်​ကြ​လိမ့်​မည်။ငါ​သည်​သင့်​အား​လက်​စား​ချေ​မည်။ငါ့​ကို​အ​ဘယ်​သူ​မျှ​ဆီး​တား​ရ​လိမ့်​မည် မ​ဟုတ်'' ဟု​ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​၏။

4. ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏သန့်​ရှင်း​မြင့်​မြတ်​တော်​မူ​သော​ဘု​ရား​သ​ခင် သည် ငါ​တို့​ကို​ရွေး​နုတ်​ကယ်​တင်​တော်​မူ​ပြီ။ကိုယ်​တော်​၏​နာ​မ​တော်​သည်​အ​နန္တ​တန်​ခိုး ရှင် ထာ​ဝ​ရ​ဘု​ရား​ဖြစ်​ပါ​သည်​တ​ကား။

ဟေ​ရှာ​ယ 47