1. ဤကားဗာဗုလုန်ဘုရားတို့၏ဇာတ်သိမ်းခန်း ပေတည်း။အခါတစ်ပါးကလူတို့သည်ဗေလဘုရား နှင့်နေဗော ဘုရားတို့ကိုကိုးကွယ်ဝတ်ပြုခဲ့ကြ၏။ယခုအခါ၌သူတို့ကိုမြည်းများပေါ်တွင် တင်၍၊မောပန်းနေသည့်တိရစ္ဆာန်များသယ်ဆောင်ရန် ဝန်ထုပ်ဝန်ပိုးဖြစ်စေကြ၏။
2. ထိုရုပ်တုတို့သည်မိမိတို့ကိုယ်ကိုမကယ် နိုင်ကြ။သူတို့သည်ဖမ်းဆီးသိမ်းယူခြင်းကို ခံရကြတော့၏။ဤကားဗာဗုလုန်ဘုရားတို့၏ဇာတ်သိမ်းခန်း ပင်တည်း။
3. ``အို ယာကုပ်သားမြေးတို့၊ငါ၏ဣသရေလ လူမျိုးတော်အနက်မှကြွင်းကျန်နေသူတို့၊ငါပြောသည်ကို နားထောင်ကြလော့။သင်တို့သန္ဓေတည်၍မွေးဖွားချိန်မှအစပြု၍ငါသည်သင်တို့အားကြည့်ရှုစောင့်ရှောက်ခဲ့ ပေသည်။
4. ငါသည်သင်တို့၏ဘုရားသခင်ဖြစ်၏။သင်တို့အိုမင်း၍ဆံပင်ဖြူသည်တိုင်အောင်၊သင်တို့အားငါကြည့်ရှုစောင့်ရှောက်ပို့ဆောင် မည်။သင်တို့အားငါကူမမည်။ ကယ်တင်မည်။
5. ``သင်တို့သည်ငါ့အားအဘယ်သူနှင့် နှိုင်းယှဉ်ကြပါမည်နည်း။ငါနှင့်တူသောအခြားဘုရားရှိပါသေး သလော။
6. လူတို့သည်မိမိတို့၏ရွှေအိတ်များမှရွှေ များကို သွန်ချကာ၊ငွေများကိုလည်းချိန်ခွင်နှင့်ချိန်တွယ်ပြီးလျှင်၊ဘုရားသွန်းလုပ်ရန်ပန်းထိမ်သည်ကိုငှားရမ်း ကြ၏။ထိုနောက်၊ထိုဘုရားအားဦးညွှတ်ဝတ်ပြုကိုးကွယ် ကြပါသည်တကား။
7. သူတို့သည်ထိုဘုရားကိုပခုံးထက်တွင် ထမ်း၍ ဆောင်ယူကာနေရာချထား၏။ဘုရားသည်လည်းမိမိတည်ရှိသည့် နေရာမှ မရွေ့မလျားနိုင်ရပ်လျက်သာနေ၏။အကယ်၍သူ့အားတစ်စုံတစ်ယောက်သော သူက ဆုတောင်းပတ္ထနာပြုပါမူသူသည်အဖြေ မပေးနိုင်။ထိုသူ့အားဘေးအန္တရာယ်မှလည်းမကယ်နိုင်။
8. ``အချင်းအပြစ်ကူးလွန်သူတို့၊ဤအချင်း အရာကို အောက်မေ့သတိရကြလော့။ငါပြုခဲ့သည့်အမှုကိုစဉ်းစားဆင်ခြင်ကြလော့။
9. ရှေးပဝေသဏီအခါကဖြစ်ပျက်ခဲ့သည့် အမှုကို အောက်မေ့သတိရကြလော့။ငါတစ်ပါးတည်းသာလျှင်ဘုရားသခင် ဖြစ်တော်မူကြောင်းကိုလည်းကောင်း၊ငါနှင့်တူသောအခြားဘုရားမရှိကြောင်း ကိုလည်းကောင်းသိမှတ်ဝန်ခံကြလော့။