1. ဤကားဗာဗုလုန်ဘုရားတို့၏ဇာတ်သိမ်းခန်း ပေတည်း။အခါတစ်ပါးကလူတို့သည်ဗေလဘုရား နှင့်နေဗော ဘုရားတို့ကိုကိုးကွယ်ဝတ်ပြုခဲ့ကြ၏။ယခုအခါ၌သူတို့ကိုမြည်းများပေါ်တွင် တင်၍၊မောပန်းနေသည့်တိရစ္ဆာန်များသယ်ဆောင်ရန် ဝန်ထုပ်ဝန်ပိုးဖြစ်စေကြ၏။
2. ထိုရုပ်တုတို့သည်မိမိတို့ကိုယ်ကိုမကယ် နိုင်ကြ။သူတို့သည်ဖမ်းဆီးသိမ်းယူခြင်းကို ခံရကြတော့၏။ဤကားဗာဗုလုန်ဘုရားတို့၏ဇာတ်သိမ်းခန်း ပင်တည်း။
3. ``အို ယာကုပ်သားမြေးတို့၊ငါ၏ဣသရေလ လူမျိုးတော်အနက်မှကြွင်းကျန်နေသူတို့၊ငါပြောသည်ကို နားထောင်ကြလော့။သင်တို့သန္ဓေတည်၍မွေးဖွားချိန်မှအစပြု၍ငါသည်သင်တို့အားကြည့်ရှုစောင့်ရှောက်ခဲ့ ပေသည်။
4. ငါသည်သင်တို့၏ဘုရားသခင်ဖြစ်၏။သင်တို့အိုမင်း၍ဆံပင်ဖြူသည်တိုင်အောင်၊သင်တို့အားငါကြည့်ရှုစောင့်ရှောက်ပို့ဆောင် မည်။သင်တို့အားငါကူမမည်။ ကယ်တင်မည်။
5. ``သင်တို့သည်ငါ့အားအဘယ်သူနှင့် နှိုင်းယှဉ်ကြပါမည်နည်း။ငါနှင့်တူသောအခြားဘုရားရှိပါသေး သလော။