ထိုရုပ်တုကိုဝတ်ပြုကိုးကွယ်သူမှန်သမျှ သည် ရှုတ်ချခြင်းကိုခံရလိမ့်မည်။ ရုပ်တုဆင်း တုများကိုသွန်းလုပ်သူတို့သည် သာမန်လူ သားများသာလျှင်ဖြစ်ပေသည်။ သူတို့သည် ငါ၏ရှေ့တော်သို့လာရောက်၍အစစ်အဆေး ခံကြပါလေစေ။ သူတို့သည်ထိတ်လန့် တုန်လှုပ်ကာအရှက်ကွဲရကြလိမ့်မည်။