ဟေ​ရှာ​ယ 43:3-18 Common Language Bible (BCL)

3. အ​ဘယ်​ကြောင့်​ဆို​သော်​ငါ​သည်ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​သန့်​ရှင်း​မြင့် မြတ်​သော ဘု​ရား​သ​ခင်၊သင်​တို့​ကို​ကယ်​တင်​သော​အ​ရှင်​သင်​တို့​၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ဖြစ်​သော​ကြောင့်​တည်း။ငါ​သည်​သင်​တို့​ကျွန်​ဘ​ဝ​မှ​လွတ်​မြောက်​ခွင့် ရ​ရှိ​ကြ​စေ​ရန်အီ​ဂျစ်​ပြည်​ကို​စွန့်​လွှတ်​မည်။ ဆူ​ဒန်​ပြည်​နှင့် သေ​ဘ​ပြည်​ကို​ငါ​စွန့်​လွှတ်​မည်။

4. သင်​တို့​သည်​ငါ့​အ​ဖို့​အ​လွန်​အ​ဖိုး​တန်​သူ​များ ဖြစ်​ပြီးငါ​ချစ်​မြတ်​နိုး​၍​ဂုဏ်​ပြု​ချီး​မြှင့်​သူ​များ​ဖြစ် သ​ဖြင့်ငါ​သည်​သင်​တို့​၏​အ​သက်​ကို​ကယ်​ရန် လူ​မျိုး​စု​တို့​ကို​စွန့်​လွှတ်​မည်။

5. မ​ကြောက်​ကြ​နှင့်​ငါ​သည်​သင်​တို့​နှင့်​အ​တူ ရှိ​၏။``ဝေး​လံ​သော​အ​ရှေ့​အ​ရပ်​နှင့်​အ​နောက်​အ​ရပ်၊အ​စွန်​ဆုံး​ဒေ​သ​မှ​သင်​တို့​အ​မျိုး​သား​များ ကို မိ​မိ​တို့​ပြည်​သို့​ငါ​ခေါ်​ဆောင်​ခဲ့​မည်။

6. သူ​တို့​အား​ထွက်​ခွာ​ခွင့်​ပြု​ရန် မြောက်​အ​ရပ်​ကို​လည်း​ကောင်း၊သူ​တို့​အား​ဆီး​တား​၍​မ​ထား​ရန် တောင်​အ​ရပ်​ကို​လည်း​ကောင်း​ငါ​ပြော​မည်။ကမ္ဘာ​အ​ရပ်​ရပ်​ရှိ​ရပ်​ဝေး​နိုင်​ငံ​များ​မှ​ငါ​၏ လူ​မျိုး​တော်​များ​ပြန်​လာ​ကြ​ပါ​စေ၊

7. သူ​တို့​သည်​ငါ​ပိုင်​သည့်​လူ​မျိုး​တော် ငါ​၏​ဘုန်း​အ​သ​ရေ​ကို​ဆောင်​ရန်ငါ​ဖန်​ဆင်း​ထား​သူ​များ​ဖြစ်​ပေ​သည်'' ဟု မိန့်​တော်​မူ​၏။

8. ဘု​ရား​သ​ခင်​က``ငါ​၏​လူ​မျိုး​တော်​ကို​တ​ရား​ရုံး​တော်​သို့ ဆင့်​ခေါ်​ကြ​လော့။သူ​တို့​သည်​မျက်​စိ​ရှိ​လျက်​နှင့်​မ​မြင်​ကြ။ နား​ရှိ​လျက်​နှင့်​မ​ကြား​ကြ​ပါ​တ​ကား။

9. လူ​မျိုး​တ​ကာ​တို့​အား​တ​ရား​စီ​ရင်​ရာ​သို့ ဆင့်​ခေါ်​ကြ​လော့။သူ​တို့​၏​အ​ဘယ်​မည်​သော​ဘု​ရား​တို့​သည် အ​နာ​ဂတ်​ဟော​စ​တမ်း​ကို​ထုတ်​နိုင်​ပါ​သ​နည်း။အ​ဘယ်​မည်​သော​ဘု​ရား​တို့​သည်​ယ​ခု​ဖြစ် ပျက်​ဆဲ အ​မှု​အ​ရာ​များ​ကို​ကြို​တင်​ဟော​ကြား​ခဲ့​ပါ သ​နည်း။ထို​ဘု​ရား​တို့​သည်​မိ​မိ​တို့​မှန်​ကန်​၍​နေ ကြောင်း အ​ထောက်​အ​ထား​ပြ​နိုင်​ရန်​နှင့်မိ​မိ​တို့​ပြော​ဆို​ခဲ့​သည့်​အ​တိုင်း​ဟုတ်​မှန်​၍ နေ​ပုံ​ကို အ​ကိုး​အ​ကား​ပြ​နိုင်​ရန်၊အ​သိ​သက်​သေ​များ​ကို​ခေါ်​ဆောင်​ခဲ့​ကြ​ပါ​စေ။

10. ``အို ဣ​သ​ရေ​လ​အ​မျိုး​သား​တို့၊ သင်​တို့​သည် ငါ​၏​အ​သိ​သက်​သေ​များ​တည်း။သင်​တို့​ငါ့​အား​သိ​ကျွမ်း​ယုံ​ကြည် ကြ​စေ​ရန်​လည်း​ကောင်း၊ငါ​သည်​တစ်​ဆူ​တည်း​သော​ဘု​ရား​ဖြစ်​ကြောင်း သိ​ရှိ​နား​လည်​ကြ​စေ​ရန်​လည်း​ကောင်း၊ငါ​သည်​သင်​တို့​အား​ငါ​၏​အ​စေ​ခံ​လူ​မျိုး အ​ဖြစ် ရွေး​ချယ်​ခဲ့​ပေ​သည်။ငါ​မှ​တစ်​ပါး​အ​ခြား​ဘု​ရား​မ​ရှိ။အ​ဘယ်​အ​ခါ​က​မျှ​မ​ရှိ​ခဲ့။ နောင်​ကို​လည်း ရှိ​လိမ့်​မည်​မ​ဟုတ်။

11. ``ငါ​တစ်​ပါး​တည်း​သာ​လျှင်​ထာ​ဝ​ရ​ဘု​ရား ဖြစ်​တော်​မူ​၏။ငါ​တစ်​ပါး​တည်း​သာ​လျှင်​သင်​တို့​အား ကယ်​တင်​တော်​မူ​နိုင်​၏။

12. ငါ​သည်​ဖြစ်​ပျက်​မည့်​အ​မှု​အ​ရာ​ကို​ကြို​တင် ဖော်​ပြ​၍၊သင်​တို့​အား​ကူ​မ​ရန်​ကြွ​လာ​ခဲ့​ပေ သည်။အ​ဘယ်​မည်​သော​လူ​မျိုး​ခြား​တို့​၏​ဘု​ရား​မျှ ဤ​သို့​ပြု​ခဲ့​ဖူး​သည်​မ​ရှိ။သင်​တို့​သည်​ငါ​၏​အ​သိ​သက်​သေ​များ ဖြစ်​ကြ​၏။

13. ငါ​သည်​ဘု​ရား​သ​ခင်​ဖြစ်​၏။နောင်​ကို​လည်း​အ​စဉ်​အ​မြဲ​ဤ​သို့​ဖြစ်​၍​နေ မည်​သာ၊ငါ​၏​တန်​ခိုး​တော်​ကို​အ​ဘယ်​သူ​မျှ​လု​ယူ နိုင်​လိမ့်​မည်​မ​ဟုတ်၊ငါ​ပြု​သော​အ​မှု​ကို​အ​ဘယ်​သူ​မျှ​မ​ပြင် နိုင်​ရာ'' ဟု​မိန့်​တော်​မူ​၏။

14. ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား​သန့်​ရှင်း​မြင့် မြတ်​သည့် ဘု​ရား​သ​ခင်၊သင်​တို့​ကို​ကယ်​တော်​မူ​သော​ထာ​ဝ​ရ​ဘု​ရား​က``ငါ​သည်​သင်​တို့​အား​ကယ်​ရန်​စစ်​သည်​ဗိုလ်​ခြေ တို့​ကို ဗာ​ဗု​လုန်​ပြည်​သို့​စေ​လွှတ်​မည်။မြို့​တံ​ခါး​များ​ကို​ငါ​ဖျက်​ချ​မည်။မြို့​သူ​မြို့​သား​တို့​၏​ကြွေး​ကြော်​သံ​သည်ငို​ကြွေး​သံ​အ​ဖြစ်​သို့​ပြောင်း​လဲ​သွား​လိမ့်​မည်။

15. ငါ​သည်​သင်​တို့​၏​သန့်​ရှင်း​မြင့်​မြတ်​သည့် ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ဖြစ်​၏။အို ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သင်​တို့​အား ငါ​ဖန်​ဆင်း​ခဲ့​၏။ငါ​သည်​သင်​တို့​၏​ဘု​ရင်​ဖြစ်​၏'' ဟု​မိန့်​တော်​မူ​၏။

16. ရှေး​အ​ခါ​က၊ထာ​ဝ​ရ​ဘု​ရား​သည်​ပင်​လယ် ဝဲ​သြ​ဃ​ကို ဖြတ်​၍​လမ်း​ဖောက်​တော်​မူ​ခဲ့​၏။

17. ကိုယ်​တော်​သည်​ရ​ထား​တပ်၊ မြင်း​တပ်​များ​နှင့်အင်​အား​ကြီး​မား​သော​စစ်​သည်​ဗိုလ်​ချေ​တို့​ကို ဆုံး​ပါး​ပျက်​စီး​စေ​တော်​မူ​၏။သူ​တို့​သည်​ငြိမ်း​သတ်​လိုက်​သည့်ဖ​ယောင်း​တိုင်​မီး​သ​ဖွယ်​န​လံ​မ​ထူ​နိုင်​အောင် ပြို​လဲ​၍​သွား​ကြ​ကုန်​၏။

18. သို့​ရာ​တွင်​ထာ​ဝ​ရ​ဘု​ရား​က``အ​တိတ်​က​အ​ဖြစ်​အ​ပျက်​များ​ကို​စွဲ​လန်း​၍ မ​နေ​ကြ​နှင့်။ရှေး​အ​ခါ​က​ဖြစ်​ပျက်​ခဲ့​သည့်​အ​မှု​အ​ရာ​များ အ​ကြောင်း​ကို​ပြော​ဆို​၍​မ​နေ​ကြ​နှင့်။

ဟေ​ရှာ​ယ 43