ဟေ​ရှာ​ယ 43:13-28 Common Language Bible (BCL)

13. ငါ​သည်​ဘု​ရား​သ​ခင်​ဖြစ်​၏။နောင်​ကို​လည်း​အ​စဉ်​အ​မြဲ​ဤ​သို့​ဖြစ်​၍​နေ မည်​သာ၊ငါ​၏​တန်​ခိုး​တော်​ကို​အ​ဘယ်​သူ​မျှ​လု​ယူ နိုင်​လိမ့်​မည်​မ​ဟုတ်၊ငါ​ပြု​သော​အ​မှု​ကို​အ​ဘယ်​သူ​မျှ​မ​ပြင် နိုင်​ရာ'' ဟု​မိန့်​တော်​မူ​၏။

14. ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား​သန့်​ရှင်း​မြင့် မြတ်​သည့် ဘု​ရား​သ​ခင်၊သင်​တို့​ကို​ကယ်​တော်​မူ​သော​ထာ​ဝ​ရ​ဘု​ရား​က``ငါ​သည်​သင်​တို့​အား​ကယ်​ရန်​စစ်​သည်​ဗိုလ်​ခြေ တို့​ကို ဗာ​ဗု​လုန်​ပြည်​သို့​စေ​လွှတ်​မည်။မြို့​တံ​ခါး​များ​ကို​ငါ​ဖျက်​ချ​မည်။မြို့​သူ​မြို့​သား​တို့​၏​ကြွေး​ကြော်​သံ​သည်ငို​ကြွေး​သံ​အ​ဖြစ်​သို့​ပြောင်း​လဲ​သွား​လိမ့်​မည်။

15. ငါ​သည်​သင်​တို့​၏​သန့်​ရှင်း​မြင့်​မြတ်​သည့် ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ဖြစ်​၏။အို ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သင်​တို့​အား ငါ​ဖန်​ဆင်း​ခဲ့​၏။ငါ​သည်​သင်​တို့​၏​ဘု​ရင်​ဖြစ်​၏'' ဟု​မိန့်​တော်​မူ​၏။

16. ရှေး​အ​ခါ​က၊ထာ​ဝ​ရ​ဘု​ရား​သည်​ပင်​လယ် ဝဲ​သြ​ဃ​ကို ဖြတ်​၍​လမ်း​ဖောက်​တော်​မူ​ခဲ့​၏။

17. ကိုယ်​တော်​သည်​ရ​ထား​တပ်၊ မြင်း​တပ်​များ​နှင့်အင်​အား​ကြီး​မား​သော​စစ်​သည်​ဗိုလ်​ချေ​တို့​ကို ဆုံး​ပါး​ပျက်​စီး​စေ​တော်​မူ​၏။သူ​တို့​သည်​ငြိမ်း​သတ်​လိုက်​သည့်ဖ​ယောင်း​တိုင်​မီး​သ​ဖွယ်​န​လံ​မ​ထူ​နိုင်​အောင် ပြို​လဲ​၍​သွား​ကြ​ကုန်​၏။

18. သို့​ရာ​တွင်​ထာ​ဝ​ရ​ဘု​ရား​က``အ​တိတ်​က​အ​ဖြစ်​အ​ပျက်​များ​ကို​စွဲ​လန်း​၍ မ​နေ​ကြ​နှင့်။ရှေး​အ​ခါ​က​ဖြစ်​ပျက်​ခဲ့​သည့်​အ​မှု​အ​ရာ​များ အ​ကြောင်း​ကို​ပြော​ဆို​၍​မ​နေ​ကြ​နှင့်။

19. ငါ​ပြု​မည့်​အ​မှု​အ​ရာ​သစ်​ကို​စောင့်​မျှော် ကြည့်​ရှု​ကြ​လော့။ထို​အ​မှု​အ​ရာ​သည်​ဖြစ်​ပျက်​ဆဲ​ပင်​ရှိ​သဖြင့် ယင်း​ကို ယ​ခု​သင်​တို့​တွေ့​မြင်​နိုင်​ကြ​ပါ​သည်​တ​ကား။ငါ​သည်​တော​ကန္တာ​ရ​ကို​ဖြတ်​၍​လမ်း​ပေါက်​စေ ပြီး​လျှင်၊သင်​တို့​အား​စမ်း​ရေ​ကို​ပေး​တော်​မူ​မည်။

20. တော​တိ​ရစ္ဆာန်​များ​ပင်​လျှင်​ငါ​၏​ဂုဏ်​ကျေး​ဇူး​ကို ချီး​ကူး​ကြ​လိမ့်​မည်။ငါ​သည်​မိ​မိ​ရွေး​ချယ်​ထား​သူ​လူ​တို့ရေ​ရ​ရှိ​ရေး​အ​တွက်၊သဲ​ကန္တာ​ရ​တွင်​မြစ်​ရေ များ​ကို စီး​ဆင်း​စေ​သော​အ​ခါ၊ခွေး​အ​များ​နှင့်​ငှက်​ကု​လား​အုတ်​များ​သည် ငါ့​ကို ထော​မ​နာ​ပြု​ကြ​လိမ့်​မည်။

21. ထို​လူ​မျိုး​တော်​ကား​မိ​မိ​အ​ဖို့​ငါ ဖန်​ဆင်း​ခဲ့​သူ​များ​ဖြစ်​၏။သူ​တို့​သည်​လည်း​ငါ့​ကို​ထော​မ​နာ​ပြု​ကြ လိမ့်​မည်။

22. ထာ​ဝ​ရ​ဘု​ရား​က``သင်​တို့​ဝတ်​ပြု​ကိုး​ကွယ်​ခြင်း​ကို​ခံ​ရ​သူ​မှာ ငါ​မ​ဟုတ်။အို ဣ​သ​ရေ​လ​အ​မျိုး​သား​တို့၊ သင်​တို့​သည် ငါ့​ကို ဝတ်​ပြု​ကိုး​ကွယ်​ရန်​ငြီး​ငွေ့​လျက်​ရှိ​ကြ​၏။

23. သင်​တို့​သည်​မိ​မိ​တို့​မီး​ရှို့​ပူ​ဇော်​ရာ​သိုး​များ​ကို ငါ့​ထံ​သို့​မ​ယူ​ဆောင်​ခဲ့​ကြ။သင်​တို့​၏​ယဇ်​များ​ဖြင့်​ဂုဏ်​ပြု​ချီး​မြှောက်​ခြင်း ခံ​ရ​သူ​မှာ​လည်း​ငါ​မ​ဟုတ်။ငါ​သည်​ပူ​ဇော်​သကာ​များ​ကို​တောင်း​ဆို​ခြင်း အား​ဖြင့် သင်​တို့​အား​ဝန်​မ​လေး​စေ​ပါ။မွှေး​ကြိုင်​သော​နံ့​သာ​ပေါင်း​ကိုတောင်း​ဆို​ခြင်း​အား​ဖြင့်​လည်း​သင်​တို့​စိတ်​ကို မ​ငြီး​ငွေ့​စေ​ပါ။

24. သင်​တို့​သည်​ငါ့​အား​ပူ​ဇော်​ရန်​နံ့​သာ​ပေါင်း​ကို မ​ဝယ်​ကြ။ယဇ်​ကောင်​ဆီ​ဥ​နှင့်​လည်း​ငါ့​အား​မ​ရောင့်​ရဲ​စေ​ကြ။ယင်း​သို့​ပြု​မည့်​အ​စား​သင်​တို့​သည်​မိ​မိ​တို့ အ​ပြစ်​များ​ဖြင့်​ငါ့​ကို​ဝန်​လေး​စေ​ကြ​၏။မိ​မိ​တို့​ပြု​သည့်​အ​မှား​များ​ဖြင့်​ငါ့​ကို ငြီး​ငွေ့​စေ​ကြ​လေ​ပြီ။

25. သို့​သော်​လည်း​ငါ​သည်​မိ​မိ​၏​ဂုဏ်​သိက္ခာ​ကို ထောက်​၍၊သင်​တို့​အား​အ​ပြစ်​ဖြေ​လွှတ်​တော်​မူ​သော အ​ရှင် ဘု​ရား​သ​ခင်​ဖြစ်​ပေ​သည်။

26. ``တ​ရား​ရုံး​တော်​သို့​ငါ​တို့​သွား​ကြ​ကုန်​အံ့။ သင်​တို့​၏​စွပ်​စွဲ​ချက်​ကို​ယူ​ဆောင်​ခဲ့​ကြ​လော့။သင်​တို့​ဘက်​မှ​မှန်​ကန်​ကြောင်း​သက်​သေ​ခံ အ​ထောက်​အ​ထား​ပြ​နိုင်​ရန်၊သင်​တို့​၏​အမှု​ကို​တင်​ပြ​ကြ​လော့။

27. သင်​တို့​ပ​ထ​မ​အ​ဦး​ဆုံး​ဘိုး​ဘေး​ဖြစ် သူ​သည် အ​ပြစ်​ကူး​လွန်​ခဲ့​၏။သင်​တို့​၏​ခေါင်း​ဆောင်​များ​က​ငါ့​ကို​ပြစ်​မှား ကြ​၏။

28. သင်​တို့​ဘု​ရင်​များ​သည်​ငါ​၏​ဗိ​မာန်​တော်​ကို ညစ်​ညမ်း​စေ​ကြ​၏။ထို့​ကြောင့်​ငါ​သည်​ဣ​သ​ရေ​လ​ပြည်​ကို ပျက်​ပြုန်း​စေ​၍၊ငါ​၏​လူ​မျိုး​တော်​အား​အ​သ​ရေ ပျက်​စေ​လေ​သည်။

ဟေ​ရှာ​ယ 43