1. ထာဝရဘုရားက``ဤသူသည်ခွန်အားနှင့်ငါပြည့်ဝစေသောသူ၊ငါ၏အစေခံ၊ငါနှစ်သက်မြတ်နိုး၍ ရွေးချယ်ထားသူဖြစ်၏။ငါသည်မိမိ၏တန်ခိုးတော်ကိုသူ့အား အပ်နှင်းတော်မူပြီ။သူသည်လည်းလူမျိုးတကာတို့ကို တရားမျှတစွာစီရင်အုပ်ချုပ်လိမ့်မည်။
2. သူသည်အော်ဟစ်၍အသံကိုလွှင့်၍ စကားပြောဆိုလိမ့်မည်မဟုတ်။လမ်းများပေါ်တွင်လည်းကျယ်လောင်စွာမိန့် ခွန်း စကားများကိုပြောကြားလိမ့်မည်မဟုတ်။
3. သူသည်ကောက်နေသောကူရိုးကိုမချိုး၊ မှိတ် တုတ် မှိတ်တုတ်၊ သေခါနီးမီးကိုမငြိမ်းသတ်ဘဲရှိ လိမ့်မည်။သူသည်လူအပေါင်းတို့အားတရားမျှတစွာ စီရင်အုပ်ချုပ်လိမ့်မည်။
4. သူသည်စိတ်ပျက်အားလျော့လိမ့်မည်မဟုတ်။ကမ္ဘာမြေကြီးပေါ်တွင်တရားမျှတစွာစီရင် အုပ်ချုပ်မှုကိုတည်တံ့ခိုင်မြဲစေလိမ့်မည်။ရပ်ဝေးနိုင်ငံများသည်လည်းသူ၏သြဝါဒ ကို စိတ်ဝင်စားစွာစောင့်မျှော်ကြလိမ့်မည်။''
5. ဘုရားသခင်သည်မိုးကောင်းကင်ကို ဖန်ဆင်းတော်မူ၍ဖြန့်ကျက်ထားတော်မူ၏။ကိုယ်တော်သည်ကမ္ဘာမြေကြီးနှင့်တကွ သက်ရှိ သတ္တဝါအပေါင်းကိုဖန်ဆင်းတော်မူ၏။ကမ္ဘာမြေပေါ်ရှိလူအပေါင်းတို့အားလည်း၊အသက်နှင့်ထွက်သက်ဝင်သက်ကိုပေးတော် မူ၏။ယခုထာဝရအရှင်ဘုရားသခင်ကမိမိ၏ အစေခံအားပြောသည်မှာ၊
6. ``ငါထာဝရဘုရားသည်သင့်ကိုခေါ်ယူ၍ကမ္ဘာမြေကြီးပေါ်တွင်တရားမျှတမှုကို ကျင့်သုံးစေရန်တန်ခိုးကိုပေးတော်မူပြီ။သင့်အားဖြင့်ငါသည်လူများနှင့်ပဋိညာဉ် ပြုလျက် နိုင်ငံများအပေါ်သို့အလင်းကိုဆောင်စေ မည်။
7. သင်သည်မျက်မမြင်တို့အားမျက်စိပွင့်လင်း လာစေ၍အချုပ်ထောင်အမှောင်ခန်းများရှိလူတို့အား အနှောင်အဖွဲ့မှလွတ်မြောက်စေလိမ့်မည်။
8. ``ငါတစ်ပါးတည်းသာလျှင်သင်၏ဘုရားသခင် ထာဝရဘုရားဖြစ်တော်မူ၏။ငါ၏ဘုန်းအသရေကိုအခြားအဘယ် ဘုရားမျှ ခံယူရလိမ့်မည်မဟုတ်။ငါသည်မိမိအားရုပ်တုများနှင့်အတူထောမနာ ပြုခွင့်ကိုလည်းပေးလိမ့်မည်မဟုတ်။
9. ငါကြိုတင်ဟောကြားခဲ့သည့်အမှုအရာများ သည် ယခုဖြစ်ပျက်လာလေပြီ။ယခုတစ်ဖန်ငါသည်သင့်အားဆန်းသစ်သည့် အမှုအရာများကိုယင်းတို့အစပြု၍မပေါ်ပေါက်မီပင်ဖော်ပြ ပါအံ့။''
10. သီချင်းသစ်ကိုဆို၍ထာဝရဘုရား၏ဂုဏ် တော်ကို ချီးမွမ်းကြလော့။ကမ္ဘာသူကမ္ဘာသားအပေါင်းတို့၊ ကိုယ်တော်ကို ထောမနာပြု၍သီချင်းဆိုကြလော့။ပင်လယ်တွင်ကူးသန်းသွားလာသူတို့ကိုယ်တော်ကို ထောမနာပြုကြလော့။ပင်လယ်သတ္တဝါအပေါင်းတို့၊ ကိုယ်တော်ကို ထောမနာပြုကြလော့။ရပ်ဝေးနိုင်ငံများနှင့်ယင်းတို့တွင်နေထိုင်သူအပေါင်းတို့သီချင်းဆိုကြလော့။
11. တောကန္တာရနှင့်ထိုအရပ်ရှိမြို့များသည် ဘုရားသခင်အားထောမနာပြုကြစေ။ကေဒါအနွယ်ဝင်အပေါင်းတို့သည်ကိုယ်တော် အား ထောမနာပြုကြစေ။သေလမြို့သူမြို့သားတို့သည်တောင်ထိပ်များမှနေ၍ ရွှင်လန်းစွာကြွေးကြော်ကြစေ။
12. ရပ်ဝေးနိုင်ငံသားတို့သည်လည်းထာဝရဘုရားကိုထောမနာပြု၍၊ ဘုန်းအသရေတော်ကိုဖော်ပြ ကြစေ။