27. ဇိအုန်မြို့သတင်းကောင်းကိုဦးစွာပထမ ပြောကြားသူမှာငါထာဝရဘုရားပင်တည်း။ငါသည်ယေရုရှလင်မြို့သို့တမန်တစ်ဦးကို စေလွှတ်၍``သင်တို့၏အမျိုးသားများသည်ပြန်လာ ကြလိမ့်မည်။သူတို့သည်မိမိတို့ပြည်သို့ပြန်လာကြလိမ့် မည်'' ဟု ပြောကြားစေခဲ့၏။
28. ငါသည်ဘုရားများကိုကြည့်လိုက်သောအခါသူတို့သည်ငါ့အားစကားတစ်ခွန်းတစ်လေ ကိုမျှမပြောကြ။ငါမေးသည့်မေးခွန်းများကိုလည်းအဘယ် သူမျှ ပြန်၍မဖြေနိုင်ကြ။
29. ထိုဘုရားအားလုံးပင်လျှင်အရာမဝင်။သူတို့သည်အဘယ်အမှုကိုမျှမပြုနိုင်။သူတို့၏ရုပ်တုများသည်လည်းချည့်နဲ့၍ တန်ခိုးမရှိကြ။''