ဟေ​ရှာ​ယ 41:26-29 Common Language Bible (BCL)

26. သင်​တို့​စ​ကား​သည်​မှန်​ပေ​၏​ဟု​ငါ​တို့​ဆို​နိုင် စေ​ရန် ဤ​မည်​သော​အ​မှု​အ​ရာ​ဖြစ်​ပျက်​လိမ့်​မည်​ဟုသင်​တို့​အ​နက်​မှ​အ​ဘယ်​သူ​သည်​ငါ​တို့​အား ကြို​တင်​ဖော်​ပြ​ပါ​သ​နည်း။အ​ဘယ်​သူ​သည်​အ​နာ​ဂတ်​ဟော​စ​တမ်း ထုတ်​ခဲ့​ဖူး​ပါ​သ​နည်း။သင်​တို့​တွင်​အ​ဘယ်​သူ​မျှ​ဤ​သို့​မ​ဟော​ပြော ခဲ့ကြ။ဟော​ပြော​သည်​ကို​ကြား​သူ​လည်း​တစ်​ယောက်​မျှ မ​ရှိ​ပါ​တ​ကား။

27. ဇိ​အုန်​မြို့​သ​တင်း​ကောင်း​ကို​ဦး​စွာ​ပ​ထ​မ ပြော​ကြား​သူ​မှာ​ငါ​ထာ​ဝ​ရ​ဘု​ရား​ပင်​တည်း။ငါ​သည်​ယေ​ရု​ရှ​လင်​မြို့​သို့​တ​မန်​တစ်​ဦး​ကို စေ​လွှတ်​၍``သင်​တို့​၏​အ​မျိုး​သား​များ​သည်​ပြန်​လာ ကြ​လိမ့်​မည်။သူ​တို့​သည်​မိ​မိ​တို့​ပြည်​သို့​ပြန်​လာ​ကြ​လိမ့် မည်'' ဟု ပြော​ကြား​စေ​ခဲ့​၏။

28. ငါ​သည်​ဘု​ရား​များ​ကို​ကြည့်​လိုက်​သော​အ​ခါသူ​တို့​သည်​ငါ့​အား​စ​ကား​တစ်​ခွန်း​တစ်​လေ ကို​မျှ​မ​ပြော​ကြ။ငါ​မေး​သည့်​မေး​ခွန်း​များ​ကို​လည်း​အ​ဘယ် သူ​မျှ ပြန်​၍​မ​ဖြေ​နိုင်​ကြ။

29. ထို​ဘု​ရား​အား​လုံး​ပင်​လျှင်​အ​ရာ​မ​ဝင်။သူ​တို့​သည်​အ​ဘယ်​အ​မှု​ကို​မျှ​မ​ပြု​နိုင်။သူ​တို့​၏​ရုပ်​တု​များ​သည်​လည်း​ချည့်​နဲ့​၍ တန်​ခိုး​မ​ရှိ​ကြ။''

ဟေ​ရှာ​ယ 41