ဟေ​ရှာ​ယ 41:1-4 Common Language Bible (BCL)

1. ဘု​ရား​သ​ခင်​က``အ​ချင်း​ရပ်​ဝေး​နိုင်​ငံ​တို့၊ ဆိတ်​ဆိတ်​နေ​၍ ငါ​ပြော​သည်​ကို​နား​ထောင်​ကြ​လော့။သင်​တို့​အ​မှု​ကို​ရုံး​တော်​သို့​တင်​ရန်​အ​သင့် ပြင်​ဆင်​ကြ​လော့။သင်​တို့​သည်​လျှောက်​လဲ​ပြော​ဆို​နိုင်​ခွင့်​ရ​ရှိ​ကြ​လိမ့်​မည်။အ​ဘယ်​သူ​မှန်​သည်​ကို​စီ​ရင်​ဆုံး​ဖြတ်​ရန် ငါ​တို့​စု​ဝေး​ကြ​ကုန်​အံ့။

2. အ​ရှေ့​ပြည်​မှ​စစ်​နိုင်​ဘု​ရင်​ကို​အ​ဘယ်​သူ ခေါ်​ဆောင်​တော်​မူ​ခဲ့​ပါ​သ​နည်း။ရောက်​ရှိ​လေ​ရာ​အ​ရပ်​တို့​တွင်သူ့​အား​အ​ဘယ်​သူ​သည်​အောင်​မြင်​ခွင့်​ကို ပေး​တော်​မူ​ပါ​သ​နည်း။အ​ဘယ်​သူ​သည်​သူ့​အား​ဘု​ရင်​တ​ကာ​တို့ အ​ပေါ်​၌​လည်း​ကောင်းလူ​မျိုး​တ​ကာ​တို့​အ​ပေါ်​၌​လည်း​ကောင်း အောင်​ပွဲ​ကို​ခံ​စေ​တော်​မူ​ပါ​သ​နည်း။သူ​၏​ဋ္ဌား​သည်​ရန်​သူ​တို့​အား​မြေ​မှုန့်​သ​ဖွယ် ခုတ်​ချ​တတ်​ပါ​သည်​တ​ကား။သူ​၏​လေး​မြား​တို့​သည်​လည်း​ထို​သူ​တို့​ကိုလေ​တိုက်​ရာ​တွင်​လွင့်​ပါ​သွား​သည့်​ဖွဲ​ကဲ့​သို့ ကွဲ​လွင့်​စေ​တတ်​ပါ​သည်​တ​ကား။

3. သူ​သည်​ရန်​သူ​တို့​အား​လိုက်​လံ​တိုက်​ခိုက်​ကာဘေး​မဲ့​လုံ​ခြုံ​စွာ​ဆက်​လက်​ချီ​တက်​ရာ​တွင် လျင်​မြန်​လှ​သ​ဖြင့်သူ​၏​ခြေ​သည်​မြေ​၌​ပင်​မ​ထိ​တော့ ပါ​တ​ကား။

4. ဤ​သို့​ဖြစ်​ပျက်​စေ​သူ​ကား​အ​ဘယ်​သူ​နည်း။အ​ဘယ်​သူ​သည်​သ​မိုင်း​၏​ဖြစ်​ရပ်​များ​ကို စီ​ရင်​ဖန်​တီး​တော်​မူ​ပါ​သ​နည်း။ငါ​ထာ​ဝ​ရ​ဘု​ရား​သည်​ကပ်​ကာ​လ​အ​စ က​ပင်​လျှင် ရှိ​နေ​တော်​မူ​ခဲ့​၍၊ထာ​ဝ​ရ​အ​ရှင်​ငါ​ဘု​ရား​သ​ခင်​သည်​ကပ် ကာ​လ အ​ဆုံး​၌​လည်း​ရှိ​နေ​တော်​မူ​လတ္တံ့။

21-22. ဣ​သ​ရေ​လ​အ​မျိုး​တို့​၏​ဘု​ရင်​ထာ​ဝ​ရ ဘု​ရား​က``အ​ချင်း​လူ​မျိုး​တ​ကာ​ဘု​ရား​များ​တို့၊ သင်​တို့​၏​အ​မှု​ကို​တင်​ပြ​ကြ​လော့။သင်​တို့​၏​အ​ခိုင်​မာ​ဆုံး​သော​လျှောက်​လဲ​ချက် များ​ကို ယူ​ဆောင်​လာ​ကြ​လော့။ဤ​အ​ရပ်​သို့​လာ​၍​အ​နာ​ဂတ်​တွင်​အ​ဘယ်​သို့ ဖြစ်​ပျက်​မည်​ကို​ပြော​ကြား​ကြ​လော့။အ​တိတ်​က​အ​ဖြစ်​အ​ပျက်​များ​ကို​ဖြေ​ရှင်း​ဖော်​ပြ​ကာ၊နောင်​အ​ခါ​၌​ယင်း​တို့​အ​ဘယ်​သို့​အ​ဆုံး​သတ်​မည်​ကို ငါ​တို့​အား​ပြော​ပြ​ကြ​လော့။သို့​မှ​သာ​လျှင်​ထို​အ​ရာ​များ​ဖြစ်​ပျက်​လာ​ချိန်​၌ ငါ​တို့​သိ​ရှိ​ကြ​လိမ့်​မည်။

ဟေ​ရှာ​ယ 41