6. ထိုအသံက``ကြွေးကြော်လော့'' ဟုဆိုသဖြင့်``အဘယ်အရာကိုကြွေးကြော်ရပါမည်နည်း'' ဟုငါမေးလျှင်``လူသတ္တဝါအပေါင်းတို့သည်မြက်ပင်နှင့်တူ ကြောင်းနှင့်တောပန်းများကဲ့သို့တာရှည်မခံကြောင်းကို ကြွေးကြော်လော့။
7. ထာဝရဘုရားစေလွှတ်တော်မူသည့်လေနှင့် ထိသောအခါ၊မြက်ပင်သည်သွေ့ခြောက်လျက်ပန်းများသည်လည်း ညှိုးနွမ်း၍သွားတတ်၏။လူတို့သည်မြက်ပင်တမျှသာလျှင် သန်မာကြပါသည်တကား။
8. မြက်ပင်သည်အမှန်ပင်ခြောက်သွေ့လျက် ပန်းများသည်လည်းအမှန်ပင်ညှိုးနွမ်းတတ်၏။သို့ရာတွင်ဘုရားသခင်၏နှုတ်ကပတ်တော်သည်အဘယ်အခါ၌မျှမပျောက်မပျက်တတ်'' ဟု ဆို၏။
9. အို ယေရုရှလင်မြို့၊မြင့်သောတောင်ပေါ်သို့တက်၍၊ သတင်းကောင်းကိုကြေညာလော့။အို ဇိအုန်တောင်၊အသံကျယ်စွာဟစ်၍သတင်းကောင်းကို ကြေညာလော့။မကြောက်နှင့်၊ ပွင့်လင်းစွာပြောကြားလော့။ယုဒမြို့များအားသူတို့၏ဘုရားသခင်ကြွလာစေတော်မူမည့်အကြောင်းကိုပြောကြားလော့။