ဟေ​ရှာ​ယ 37:8-15-16 Common Language Bible (BCL)

10. ထို​သ​တင်း​ကို​ကြား​သော​အ​ခါ​ဧ​က​ရာဇ် မင်း​သည်​ယု​ဒ​ဘု​ရင်​ဟေ​ဇ​ကိ​ထံ​သို့​သ​ဝဏ် လွှာ​တစ်​စောင်​ရေး​၍​ပေး​ပို့​လိုက်​လေ​သည်။ ထို သ​ဝဏ်​လွှာ​တွင်``သင်​ကိုး​စား​သည့်​ဘု​ရား​သ​ခင်​က သင်​သည်​ငါ​၏​လက်​တွင်း​သို့​ကျ ရောက်​ရ​လိမ့်​မည်​မ​ဟုတ်​ဟု မိန့်​တော်​မူ​သော စ​ကား​ကြောင့်​အ​ထင်​အ​မြင်​မ​မှား​ပါ လေ​နှင့်။-

11. အာ​ရှု​ရိ​ဧ​က​ရာဇ်​သည်​မိ​မိ​ဖျက်​ဆီး​ပစ် ရန် ဆုံး​ဖြတ်​ထား​သည့်​တိုင်း​နိုင်​ငံ​ကို​အ​ဘယ် သို့​ပြု​တော်​မူ​တတ်​သည်​ကို​သင်​ကြား​သိ ရ​ပြီး​ဖြစ်​ပါ​၏။ သင်​ကိုယ်​တိုင်​ပင်​လျှင်​ငါ ၏​လက်​မှ​လွတ်​မြောက်​နိုင်​လိမ့်​မည်​ဟု​မ ထင်​မှတ်​ပါ​နှင့်။-

12. ငါ​၏​ဘိုး​ဘေး​တို့​သည်​ဂေါ​ဇန်​မြို့၊ ခါ​ရန်​မြို့ နှင့်​ရေ​ဇပ်​မြို့​တို့​ကို​ဖျက်​ဆီး​ပစ်​ပြီး​လျှင် တေ​လ​ဇာ​မြို့​တွင်​နေ​ထိုင်​သူ​ဘေ​သေ​ဒင် အ​မျိုး​သား​တို့​အား​သုတ်​သင်​ပစ်​ခဲ့​ကြ​၏။ သူ​တို့​၏​ဘု​ရား​များ​အ​နက်​အ​ဘယ်​မည် သော​ဘု​ရား​မျှ​သူ​တို့​ကို​မ​ကယ်​နိုင်​ကြ။-

13. ဟာ​မတ်​မြို့၊ အာ​ပဒ်​မြို့၊ သေ​ဖ​ရ​ဝိမ်​မြို့၊ ဟေ​န​မြို့​နှင့်​ဣ​ဝါ​မြို့​တွင်​စိုး​စံ​ခဲ့​သော ဘု​ရင်​များ​သည်​ယ​ခု​အ​ဘယ်​မှာ​ရှိ ကြ​ပါ​သ​နည်း'' ဟု​ဖော်​ပြ​ပါ​ရှိ​၏။

14. ဟေ​ဇ​ကိ​မင်း​သည်​ထို​သ​ဝဏ်​လွှာ​ကို​သံ တ​မန်​များ​ထံ​မှ​ယူ​၍​ဖတ်​ပြီး​လျှင် ဗိ​မာန် တော်​သို့​သွား​၍ ထာ​ဝ​ရ​ဘု​ရား​၏​ရှေ့​တော် တွင်​ချ​ထား​၏။-

ဟေ​ရှာ​ယ 37