4. အာရှုရိဧကရာဇ်သည်မိမိ၏ဗိုလ်ချုပ်ကို စေလွှတ်၍ အသက်ရှင်တော်မူသောဘုရားသခင်အားစော်ကားသည့်စကားများကို ပြောဆိုစေပါ၏။ သင်၏ဘုရားသခင် ထာဝရဘုရားသည်ထိုစကားတို့ကို ကြားတော်မူ၍ ယင်းသို့ပြောဆိုသူတို့ အားအပြစ်ဒဏ်စီရင်တော်မူပါစေသော၊ သင်သည်လည်းအသက်မသေဘဲကျန်ရှိ နေသေးသူအကျွန်ုပ်တို့လူစုအတွက် ဘုရားသခင်ထံတော်သို့ဆုတောင်းပတ္ထ နာပြုပါလော့'' ဟုအမှာစာရေး၍ ဟေရှာယထံပေးပို့လိုက်၏။
5. ဟေဇကိမင်း၏အမှာစာကိုရရှိသော အခါ၊-
6. ဟေရှာယသည်``ထာဝရဘုရားကမိမိ အား အာရှုရိအမျိုးသားတို့၏စော်ကား ပြောဆိုသည့်စကားများအတွက် စိတ် အနှောင့်အယှက်မဖြစ်ရန်သင့်အားမိန့် မှာတော်မူပါ၏။-
7. ထာဝရဘုရားသည်ဧကရာဇ်မင်းအား မိမိ၏ပြည်သို့ပြန်စေရန် သတင်းတစ်စုံတစ် ရာကိုကြားသိစေတော်မူလိမ့်မည်။ ထိုနောက် သူ့ကိုထိုပြည်၌ပင်အဆုံးစီရင်တော်မူ ပေအံ့'' ဟုပြန်ကြားလိုက်၏။
8. ဧကရာဇ်မင်းသည်လာခိရှမြို့မှထွက် ခွာပြီးလျှင် အနီးအနားရှိလိဗနမြို့ကို တိုက်ခိုက်လျက်ရှိကြောင်းကြားသိသော အခါ၊ အာရှုရိဗိုလ်ချုပ်သည်မင်းကြီးနှင့် ဆွေးနွေးတိုင်ပင်ရန် ထိုအရပ်သို့သွားလေ သည်။-
9. ထိုအခါဆူဒန်ဘုရင်တိရက္ကဦးစီးခေါင်း ဆောင်သည့်အီဂျစ်တပ်မတော်သည် မိမိတို့ အားတိုက်ခိုက်ရန်ချီတက်လာကြောင်းအာ ရှုရိအမျိုးသားတို့သတင်းရရှိကြ၏။-
10. ထိုသတင်းကိုကြားသောအခါဧကရာဇ် မင်းသည်ယုဒဘုရင်ဟေဇကိထံသို့သဝဏ် လွှာတစ်စောင်ရေး၍ပေးပို့လိုက်လေသည်။ ထို သဝဏ်လွှာတွင်``သင်ကိုးစားသည့်ဘုရားသခင်က သင်သည်ငါ၏လက်တွင်းသို့ကျ ရောက်ရလိမ့်မည်မဟုတ်ဟု မိန့်တော်မူသော စကားကြောင့်အထင်အမြင်မမှားပါ လေနှင့်။-
11. အာရှုရိဧကရာဇ်သည်မိမိဖျက်ဆီးပစ် ရန် ဆုံးဖြတ်ထားသည့်တိုင်းနိုင်ငံကိုအဘယ် သို့ပြုတော်မူတတ်သည်ကိုသင်ကြားသိ ရပြီးဖြစ်ပါ၏။ သင်ကိုယ်တိုင်ပင်လျှင်ငါ ၏လက်မှလွတ်မြောက်နိုင်လိမ့်မည်ဟုမ ထင်မှတ်ပါနှင့်။-
12. ငါ၏ဘိုးဘေးတို့သည်ဂေါဇန်မြို့၊ ခါရန်မြို့ နှင့်ရေဇပ်မြို့တို့ကိုဖျက်ဆီးပစ်ပြီးလျှင် တေလဇာမြို့တွင်နေထိုင်သူဘေသေဒင် အမျိုးသားတို့အားသုတ်သင်ပစ်ခဲ့ကြ၏။ သူတို့၏ဘုရားများအနက်အဘယ်မည် သောဘုရားမျှသူတို့ကိုမကယ်နိုင်ကြ။-
13. ဟာမတ်မြို့၊ အာပဒ်မြို့၊ သေဖရဝိမ်မြို့၊ ဟေနမြို့နှင့်ဣဝါမြို့တွင်စိုးစံခဲ့သော ဘုရင်များသည်ယခုအဘယ်မှာရှိ ကြပါသနည်း'' ဟုဖော်ပြပါရှိ၏။
14. ဟေဇကိမင်းသည်ထိုသဝဏ်လွှာကိုသံ တမန်များထံမှယူ၍ဖတ်ပြီးလျှင် ဗိမာန် တော်သို့သွား၍ ထာဝရဘုရား၏ရှေ့တော် တွင်ချထား၏။-
17. အို ထာဝရဘုရား၊ ယခုကျွန်တော်မျိုးတို့ ၏လျှောက်ထားချက်ကိုနားထောင်တော်မူ၍ ကျွန်တော်မျိုးတို့အားကြည့်တော်မူပါ။ အသက်ရှင်တော်မူသောဘုရားတည်းဟူ သောကိုယ်တော်ရှင်အား သနာခရိပ်စော် ကားပြောဆိုသောစကားမှန်သမျှကို နားထောင်တော်မူပါ။-
18. အို ထာဝရဘုရား၊ အာရှုရိဧကရာဇ်မင်း များသည်လူမျိုးတကာတို့ကိုပျက်ပြုန်း စေ၍ သူတို့၏ပြည်များကိုလူသူဆိတ် ငြိမ်ရာဖြစ်စေလျက်-
19. သူတို့၏ဘုရားများကိုလည်းမီးရှို့ပစ် ကြသည်ကို ကျွန်တော်မျိုးတို့သိကြပါ၏။ ထိုဘုရားတို့သည်ဘုရားအစစ်မဟုတ်။ လူ့လက်ဖြင့်လုပ်သည့်သစ်သားရုပ်၊ ကျောက် ရုပ်များသာဖြစ်ပါ၏။-
20. အို ကျွန်တော်မျိုးတို့၏ဘုရားသခင်ထာ ဝရဘုရား၊ ယခုပင်ကျွန်တော်မျိုးတို့အား အာရှုရိအမျိုးသားတို့၏လက်မှကယ်တော် မူပါ။ သို့မှသာလျှင်ကိုယ်တော်ရှင်တစ်ပါး တည်းသာလျှင် ဘုရားသခင်ဖြစ်တော်မူကြောင်း ကမ္ဘာပေါ်ရှိလူမျိုးအပေါင်းတို့သိရှိကြပါ လိမ့်မည်'' ဟုဆုတောင်းပတ္ထနာပြုတော်မူ၏။